Search
Search
Search

Young hypertension with renal artery stenosis

“ဆရာ လူနာနောက်တစ်ယောက်ပါ။”

ဒေါက်တာကျော် ကြည့်လိုက်တော့ အသက် ၃၀ ခန့် အမျိုးသမီးတစ်ဉီး ။

စာအုပ်တွင် အသက် ၃၃။

“ဘာဖြစ်လို့ လာပြတာလဲညီမ”

“ဟုတ်ဆရာ သွေးတိုးနေတာကြာပါပြီ၊ အမြဲတိုင်း ၁၈၀/၁၁၀ လောက်ဖြစ်ဖြစ်နေတာ၊ ဒီဆေးတွေ သောက်နေပါတယ်။”

ကြည့်လိုက်တော့ သောက်ဆေးများက စုံသည်။ ACEi, CCB, Beta blockers, Atorvastatin

“ကျောက်ကပ်က တစ်ဖက်သေးနေတာလို့ပြောပါတယ်။ Ultrasound ရိုက်ထားတာရှိပါတယ်”

ဒေါက်တာကျော်စမ်းကြည့်လိုက်တော့ ထင်သည့်အတိုင်း Left renal bruit ကြားနေရသည်။ သွေးအဖြေတွင် Creatinine, potassium ကတော့ ကောင်းသေးသည်။ “ဆရာ့ဆီလွှဲလိုက်တဲ့ ဆရာက စစ်ခိုင်းလို့ စစ်ထားတာပါ။”

‌Investigations ထပ်လုပ်ရန် အဆင်မပြေသေးသော အချိန်မို့ ဆေးပြန်ညှိပေးလိုက်သည်။ စာထဲတွင်တော့ Unilateral Renal Artery Stenosis ကို ACEi, ARB ပေးလို့ရသည်ဆိုထားသော်လည်း patient BP က အရမ်းတက်နေသည့် အနေအထားကြောင့် ခဏရပ်ကြည့်ရန် စဉ်းစားပြီး Spironolactone, nifedipine retard, atenolol တို့ကို ထည့်ပေးထားလိုက်သည်။

နောက်ပိုင်း ပြန်ကြည့်တော့လည်း သွေးပေါင်ကတော့ အဆင်ပြေနေသည်ကို တွေ့ရသည်။ 140/90; 130/80 လောက်ပင် ရှိတော့သည်။

အမှန် ဝန်ခံရလျှင် Renal artery stenosis ဟု Clinically သာ ထင်ခဲ့သော်လည်း အခြေအနေအရ Confirmation မလုပ်ခဲ့ရပါ။ Left renal bruit သာကြားခဲ့သဖြင့် Unilateral renal artery stenosis ဟု ထင်ခဲ့ပါသည်။ စာအရ Unilateral cases တွင် ACEi, ARB ပေး၍ ရသည်ဟု ဆိုသော်လည်း အခု Case တွင်မူ ထိုဆေးများကို ဖြတ်လိုက်ပြီး သွေးပေါင်တော့ ပိုထိန်းနိုင်ခဲ့ပါသည်။ (လူနာက အရင်ကလည်း Antihypertensives ကို ပုံမှန်သောက်နေသည့် လူနာဖြစ်ပါသည်။) ထို့ကြောင့် ဆေးပြောင်းလိုက်၍ သွေးပေါင်ထိန်းနိုင်ခြင်းဟုတ်မဟုတ် မသေချာခဲ့ပါ။

‌အောက်တွင် Medscape မှ Renal artery stenosis guidelines summary ကို ဖော်ပြလိုက်ပါသည်။ ဖတ်ရှုကြသော ဆရာ ဆရာမ များအနေဖြင့် Comment တွင် အတွေ့အကြုံများ သုံးသပ်မှုများ ပေးခဲ့ပေးပါရန် လည်း ဖိတ်ခေါ်ပါသည်။

https://emedicine.medscape.com/article/245023-guidelines?icd=ssl_login_gg_221103&isSocialFTC=true

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊