Cardiac axis

Cardiac Axis တွက်တာကို ဆက်ကြည့်ကြပါမယ်။

cardiac axis ဆိုတာ all electric forces in heart ရဲ့ mean vector က ဘယ်လို direction မှာ သွားလဲဆိုတာကို ပြန်တွက်ကြတာပါ။ QRS တွေနဲ့ အတွက်များတာမို့ mean QRS axis လို့လည်း ပြောလို့ ရပါတယ်။ (T wave စတာတွေနဲ့ တွက်လို့လည်းရပါတယ်။ Mean T axis ဖြစ်မှာပေါ့။ mean QRS axis နဲ့ သိပ်ကွာလေ့မရှိပါဘူး။)

QRS တစ်ခုမှာ R က S ထက်ပိုရှည်ရင် positive deflection လို့ ပြောပါတယ်။ S က R ထက် ပို ရှည်ရင် negative deflection ပေါ့။ leads တစ်ခုမှာ အဲ့ဒီ lead ဘက်ကို mean electric axis က လာရင် QRS က positive deflection ဖြစ်ပြီး သူ့ဆီက အဝေးဘက်ကို electric axis က ထွက်သွားတာဆိုရင် negative deflection ဖြစ်ပါမယ်။ အဲ့ဒီ သဘောတရားကို ယူပြီး axis တွက်လေ့ ရှိပါတယ်။

normal cardiac axis က အောက်ကပုံမှာ ပြထားသလို -30 to +90 ကြားမှာပါ။ +91 to +180 ကြားကို Right axis deviation ပါ။ -31 to -90 ကြားက left axis deviation ပါ။ -91 to 180 ကြားကို extreme left axis deviation လို့ပြောပါမယ်။

axis တွက်နည်းက ၂ မျိုးရှိပါတယ်။ ရှေ့ပိုင်းတင်တဲ့ post တွေမှာ basic ပိုင်းလေးတွေနဲ့ စချင်တာမို့ လွယ်တဲ့ နည်းပဲ အရင်ပြောပါမယ်။ အဲ့ နည်းက normal or LAD or RAD ပဲပြောနိုင်သေးပြီး degree အတိအကျ တွက်လို့တော့ မရပါဘူး။

lead I, II ခုကို ကြည့်ပါမယ်။
၂ ခုလုံးမှာ QRS တွေက အထောင် (positive deflection) ဖြစ်နေရင် normal axis ပါ။

Lead I မှာ အောက်စိုက် (negative deflection) ဖြစ်နေပြီး lead II မှာ ထောင်နေရင် RAD ပါ။ (lead I က left ဘက် အခြမ်းမှာ ရှိတာမို့ သူ့မှာ အောက်စိုက်သွားရင် သူ့ဆီကနေ အဝေးရောက်သွားတာမို့ RAD လို့မှတ်လို့ရပါတယ်။)

ပြောင်းပြန် lead I မှာ ထောင်ပြီး lead II မှာ အောက်စိုက်နေရင်ကျ LAD ပါ။

Normal axis is between -30 and +90 degree

Normal axis – R is dominant in both I and II.
Left axis deviation – R is dominant in I but S dominant in II.
Right Axis deviation – S dominant in I and R dominant in II