Approach to anemia according to onset

Patient တစ်ယောက် Anemic symptoms တွေနဲ့လာပြီဆို ဆက်စပ်စဉ်းစားဖို့မေ့နေတတ်တာက Onset ပါ။ တခြားနေရာတွေမှာ စဉ်းစားကြသလိုပဲ Onset က ဒီမှာလည်း အရေးကြီးပါတယ်။
Acute onset anemia (ရက်ပိုင်းအတွင်း ရုတ်တရက် Symptomatic ဆိုးလားတာမျိုး) ဆို အဓိကအားဖြင့် Acute bleeding နဲ့ Acute hemolysis ပါပဲ။ Bleeding source ကို သေချာရှာရမယ်။ အဲ့လိုပဲ Hemolysis ရဲ့ Features (e.g. Jaundice) တွေကို ကြည့်ရပါမယ်။ Acute hemolysis ရဲ့ underlying causes တွေထပ်စဉ်းစားရမှာပေါ့။ Infections, G6PD deficiency, AIHA စသဖြင့်ပေါ့။

ကျန်တဲ့ Anemia တွေက Insidious or chronic တွေ များပါတယ်။ Malignancy ဆို မြန်တယ်ဆိုပြီးပြောကြပေမယ့် သိကြပြီးသားအတိုင်းပါပဲ အနည်းဆုံး လပိုင်းလောက်တော့ကြာပါသေးတယ်။

ဟိုတလောကပဲ Case လေးတစ် case ပါ။ လူနာက ဖျားတယ်။ ရက်ပိုင်းအတွင်း ဖြူဖျော့ပြီး နည်းနည်းမောလာတယ်။ အသားတွေ ဝါတယ်။ နဂိုက ဘာရောဂါအခံမှ မရှိဘူး။ Age က 25 yr လောက်၊ Male patient ပါ။ စဖျားတော့ ဆေးခန်းသွားပြီး Levofloxacin သောက်ထားတာရှိတယ်။ စစ်လိုက်တော့ Hb က 6.5 လောက်ပဲရှိတယ်။ Blood loss လိုမျိုးတော့ ဖြစ်စရာမတွေ့ဘူး။ နောက်ဆုံး Hemolysis ကို လိုက်မယ်ဆိုပြီး လိုက်လိုက်တော့ blood film မှာကို G6PD deficiency features တွေ ထွက်လာပါတယ်။

Summary ပြောရရင် ကျန်တဲ့ Diseases တွေမှာလိုပဲ anemia ကိုလည်း Onset နဲ့ စဉ်းစားပြီး Causes မှန်းဆလို့ရပါတယ်။ ပုံလေးကတော့ Online ပေါ်က ရတဲ့ Approach to anemia ထဲက onset ပေါ်မူတည်ပြီး ခွဲပြထားတာလေးပါ။

#drppk