Search
Search
Search

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ သွေးကြောကျဉ်းရောဂါပိုဖြစ်တတ်ပါတယ်။ အရင်က သွေးကြောကျဉ်းထားတဲ့ ရောဂါဖြစ်ဖူးသူတွေမှာ ထပ်ဖြစ်နိုင်ကြတယ်။ မျိုးရိုးထဲမှာ သွေးကြောကျဉ်းရောဂါ အမျိုးအစားတွေ ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ၊ ဦးနှောက်သွေးကြောကျဉ်းပြီးလေဖြတ်တာ၊ ခြေထောက်သွေးကြောပိတ်တာစတဲ့ ရောဂါတွေ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇအရကို ဆရာတို့ အာရှတိုက်သားတွေက သွေးကြောကျဉ်းတာ ပိုဖြစ်တတ်ကြတယ် လို့ဆိုပါတယ်။ အဲ့ဒီ အပေါ်က အချက်တွေက ဆရာတို့ ပြင်ဆင်လို့မရတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတို့ […]