မျိုးပွားအင်္ဂါတွင် အနာဖြစ်ခြင်း
မျိုးပွားအင်္ဂါတွင် အနာဖြစ်ခြင်း၏ အကြောင်းရင်းများတွင်လိင်မှ တဆင့် ကူးစက်သော ရောဂါများ ဖြစ်သည့်• Syphilis ကာလသားရောဂါ• Chancroid• ရေယုန် (Genital Herpes)• Lymphogranuloma venereum• Granuloma inguinale တို့ပါဝင်သလိုလိင်ဆက်ဆံခြင်းနှင့် သက်ဆိုင်ခြင်း မရှိသော• Behcet’s disease• ဆေးမတည့်ခြင်းနှင့် ဆက်စပ်သော Steven-Johnson’s ကဲ့သို့ ရောဂါများ• တခြား အရေပြားနှင့် ဆက်စပ်သော ရောဂါများပါဝင်သည်။ ထိုအကြောင်းရင်းများတွင်မှ အဖြစ်များသော အကြောင်းရင်းများအကြောင်းဖော်ပြလိုက်ပါသည်။ Syphilis ကာလသားရောဂါလိင်ဆက်ဆံရာမှ တဆင့် အဓိက ကူးစက်တတ်သလို နမ်းခြင်း၊ သွေးသွင်းခြင်း၊ အပ်စူးမိခြင်း စသည်တို့ကြောင့်လည်း ကူးစက်တတ်သည်။ ကာလသားရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးကို ကူးစက်ခြင်းလည်း ရှိပါသည်။Syphilis ကာလသားရောဂါဝင်ရောက်ပါက ပထမအဆင့် အနေဖြင့် မျိုးပွားအင်္ဂါ (သို့မဟုတ်) ပိုး […]