Search
Search
Search

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အတွက်လည်း ကျောက်ကပ်ထိတာ၊ မျက်စိထိတာတွေ ပိုဆိုးလာတတ်လို့ ကိုယ်ဝန်မဆောင်ခင်ကတည်းက အဲ့လိုပြဿနာတွေ ရှိမရှိကို ကြိုတင်စစ်ဆေးထားဖို့လိုပါတယ်။ ဒါကြောင့်လည်း ဆီးချိုရှိသူ အမျိုးသမီးတွေအနေနဲ့ ကလေးယူတော့မယ်ဆို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်ဝန်ဆောင်ဖို့ သင့်တော်မှသာ ကလေးယူသင့်ပါတယ်။ မထင်မှတ်ဘဲ ကလေးရသွားတာမျိုးမဖြစ်အောင်လည်း သားဆက်ခြားတာကို သေချာ လုပ်ထားသင့်ပါတယ်။​ Dr Kyaw ရေးသားသည်။​

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone စတဲဲ့ ဆေးတွေပါ။ တခါတလေမှာ ရောဂါအနေအထားအရ မဖြစ်မနေသုံးရသူတွေလည်း ရှိပါတယ်။ အဲ့လိုလူတွေမှာလည်း ဆီးချိုဖြစ်တတ်တာမျိုးရှိပါတယ်။ တချို့တွေကျတော့ ဆရာဝန်က အဲ့ဆေးမျိုးတွေ သောက်ခိုင်းတဲ့ အချိန်ကာလပြီးသွားပေမယ့်လည်း ဒီဆေးက ကောင်းတယ်လို့ မှတ်ထားပြီး ကိုယ့်ဘာသာ ဆက်သောက်နေမိတာမျိုးလည်း ရှိပါတယ်။ ပြီးတော့ အဲ့လိုဆေးတွေကို စပ်ဆေးဆိုင်တွေက ထည့်ပေးလေ့ရှိပါတယ်။ အဲ့ဆေးတွေရဲ့ ထူးခြားချက်က သောက်ပြီးသွားရင် မြန်မြန်သက်သာသွားတယ်။ နေလို့ ကောင်းသွားတယ်ဆိုတော့ လူနာတွေက […]