Search
Search
Search

Some Health benefits of Avocado

ထောပတ်သီး ကြိုက်တဲ့သူတွေ ရှိကြလား။ ထောပတ်သီးက ကျန်းမာရေးအတွက် တော်တော်အကျိုးပြုတဲ့အထဲမှာ ပါဝင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေက သွေးတွင်း ကိုလက်စရောကို ကျစေလို့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ် ဆိုတာမျိုး ကြားဖူးကောင်း ကြားဖူးကြမှာပါ။ အဲ့ဒါအပြင် ထောပတ်သီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် တခြား ကောင်းကျိုးလေးတွေ အများကြီးရှိပါသေးတယ်တဲ့။ အဲ့လိုကျန်းမာရေးကောင်းကျိုးတွေရှိလို့ ထောပတ်သီးတွေက စားသင့်တဲ့ အစားတစ်ခုဖြစ်ကြောင်း ပြောပါရစေ။ အဲ့ တစ်ခုတော့ ရှိတာက ထောပတ်သီးကို သဘာဝအတိုင်းစားဖို့ပြောတာပါနော်။ နို့ဆီတွေ သကြားတွေ အများကြီး ထည့်လိုက်ရင်တော့ အဆင်မပြေပါနော်။ Dr Pyae Phyo Kyaw ရေးသားသည်။