Search
Search
Search

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊ အင်ပြင်တွေ ထွက်လာမယ်၊ ပိုဆိုးလာရင် ကိုယ်ခန္ဓာဖောလာတာ၊  အသက်ရှူရခက်တာ၊ ရင်ကြပ်လာတာ၊ ဗိုက်အောင့်လာတာ၊ သွေးပေါင်တွေကျလာတာ တွေထိဖြစ်ပြီး အသက်အန္တရာယ်ထိ ရှိလာတတ်ပါတယ်။ အဲ့မှာ တခုရှိတာက ဆေးဓာတ်မတည့်တာက ထိုးဆေးနဲ့မှ ဖြစ်တယ်လို့ ထင်မိတတ်ကြတာပါ။ အဲ့အချက်က မှားယွင်းပါတယ်။ ဓာတ်မတည့်တာ တကယ်ဆိုးရင် သောက်ဆေး နဲ့လည်း ဖြစ်တတ်ပါတယ်။ တခါတခါ အစားအစာတွေနဲ့လည်း ဖြစ်တတ်ပါတယ်။ (ဥပမာ မြေပဲမတည့်တာမျိုး) တချို့တွေဆို […]