Search
Search
Search

Inhalers in asthma

ရင်ကြပ်အတွက် ဆေးဂေါက် ရှူဆေးဘူးများတွင် ပုံမှန် ရှူရမယ့် ဆေးနှင့် ကြပ်သည့်အချိန်မှ ရှူရမယ့်ဆေးဆိုပြီး ၂ မျိုးကွဲပါသည်။ ပုံမှန် ရှူရမည့် ဆေးများသည် ပုံမှန်ရှူမှသာ ရင်မကြပ်စေရန် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကြပ်သည့်အချိန်မှ ရှူရမည့်ဆေးကလည်း ကြပ်သည့်အချိန်တွင် ရှူမှ ကြပ်သည်ကို အမြန်သက်သာအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကြပ်မှ ရှူရမည့်ဆေးကို ကြိုရှူထားပါကလည်း မထိရောက်သလို ပုံမှန်ရှူရမည့် ဆေးကို ကြပ်သည့်အချိန်မှ ထရှူလျှင်လည်း ထိရောက်မည်မဟုတ်ပါ။ ဆေးတစ်ခုနှင့် တစ်ခု ကြာကြာခံချိန် ကွဲပြားသဖြင့်ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်ဆေးက ကြပ်မှ ရှူရမည်။ မည်သည့်ဆေးက ပုံမှန်ရှူရမည်ကို သေချာ သိရှိပြီး မှတ်သားထားရန်လိုအပ်ပါသည်။

ပန်းနာရင်ကြပ်နှင့် အစားအစာ

ပန်းနာရင်ကြပ်မှာ ဘယ်လိုအစားတွေ စားသင့်သလဲ။ ရှောင်ရမလဲ။ “ဆရာ၊ ရင်ကြပ်အတွက် အစား ဘာတွေ ရှောင်ရမလဲ”လူနာများက အမေးများသော မေးခွန်းတစ်ခုဖြစ်သည်။“အရင်ဆုံးကတော့ ကိုယ် ဘယ်လိုအစားအစာတွေ စားလိုက်ရင် ကြပ်တတ်သလဲကို မှတ်ထားဖို့လိုမယ်”ဒေါက်တာကျော် အရင် ပြန်ဖြေလေ့ရှိသော အဖြေဖြစ်သည်။ပန်းနာရင်ကြပ်၏ အဓိကအကြောင်းအချက်ထဲတွင် မိမိနှင့် ဓာတ်မတည့်သော အရာများနှင့် ထိတွေ့မှုရှိသည့်အခါ ရင်ကြပ်တတ်ခြင်းဖြစ်သည်။ ထိုသို့ မတည့်တတ်သော အရာများထဲတွင် အစားအစာများလည်းပါဝင်တတ်သည်။ထို့အပြင် ပန်းနာရင်ကြပ် လူနာတစ်ဉီးနှင့် တစ်ဉီးလည်း မတည့်သော အရာ၊ မတည့်သော အစားအစာချင်းမတူကြပါ။ ထို့ကြောင့် မိမိနှင့် မတည့်ဘဲ ရင်ကြပ်စေသော အစားအစာကို မှတ်ထားပြီးရှောင်ရန် အရေးကြီးပါသည်။ ထို့အပြင် ရင်ကြပ်လူနာများတွင် ယေဘုယျအားဖြင့် စားသင့်သော အစာများနှင့် ရှောင်ကြဉ်သင့်သော အစာများကို ဖော်ပြလိုက်ပါသည်။ ပိုမိုစားသုံးသင့်သော အစားအစာများ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များအထူးသဖြင့် […]