တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင်
လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို ကိုယ့်ရဲ့ partner ဆီ မရောက်စေဖို့လည်း အထူးသတိပြုသင့်ပါတယ်။ တချို့ဖြစ်စဉ်တွေမှာ Partner တစ်ဦးက အပြင်ကနေ ရလာတဲ့ ကူးစက်ရောဂါပိုးက သူ့ ဇနီးဆီကို ကူးစက်ပြီး ရင်သွေးပါ ကူးစက်ခံရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
လိင်ကတဆင့် ကူးတတ်တဲ့ရောဂါတွေ ကိုယ့်ဆီကတဆင့် ကိုယ့်ရဲ့ Partner ကို ထပ်မကူးစက်စေဖို့အတွက် စိတ်ချရတဲ့ ဆက်ဆံမှုမျိုးတွေကလွဲပြီး ကျန်တဲ့ ဆက်ဆံမှုတိုင်းအတွက် အကာအကွယ် ပစ္စည်း ကွန်ဒုံးကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။
#STD
#condoms
Ischemic Heart Diseases – Clinical Features and Investigations
နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့