ဆေးခန်း လာပြသော သူ တစ်ချို့ က Progesterone ပရိုဂျက်စတီရုန်း အကြောင်း မေးကြတာ ရှိလို့ ကျနော်တို့ ဖတ်မိသလောက်ကို စုပေါင်းပြီး မျှဝေပါရစေ …..
ပရိုဂျက်စတီရုန်း ဆိုဟာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်ပြီး “ကိုယ်ဝန်ဆောင်ဟော်မုန်း” လို့ခေါ်နိုင်တယ်။
မရှိလို့မဖြစ် လိုအပ်ပါတယ်။ နည်းရင် များရင်လည်း မကောင်းပါ။
IVF ကိုယ်ဝန်အောင်မြင်စေအောင် အထောက်အကူပေးနည်းတွေမှာသုံးတယ်။
( တနေ့ ၁ ခါ တင်ပါးမှာထိုးရပါတယ်။ )
( အဆီနဲ့ လုပ်ထားတာကြောင့် အပ်ရှည်သုံးပြီး ထိုးပေးလေ့ ရှိပါတယ် )
အမျိုးသမီးရဲ့ မျိုးဥအိမ် ဖေါ်လီကယ် ကနေ နေ မျိုးဥထွက်ပြီးတဲ့ ကျန်တာကို ကောပတ်စ် လူတီယမ်ခေါ်တယ်။
သူကနေ ပရိုဂျက်စတီရုန်းဟော်မုန်း ကို ၁၂-၁၆ ရက်ကြာ ထုတ်ပေးပါတယ်။
သားအိမ်မှာ သန္ဓေဖြစ်တည်လာရင် လာပြီး တွယ်ကပ်စေဖို့ ပြင်ဆင်ပေးတာဖြစ်ပါတယ်။
မျိုးဥနဲ့ သုက်ပိုးတွေဆုံ-ပေါင်းစပ်မှု ဖြစ်ပြီးကြရင်လဲ အဲဒီကနေ ပရိုဂျက်စတီရုန်းဟော်မုန်းကို ကိုယ်ဝန် ၁ဝ ပါတ်အထိ ဆက်ထုတ်ပေးနေပါတယ်။
ပရိုဂျက်စတီရုန်းဟာ ကိုယ်ဝန်အတွက် အလွန်အရေးကြီးပါတယ်။ ကောပတ်စ် လူတီယမ်ကနေ လုံလောက်အောင် ထုတ်မပေးနိုင်ရင် ကိုယ်ဝန်မမြဲစေပါ။
သူက – ခုခံမှုစနစ်ကို တားပေးမယ်၊
ပရိုစတက်ဂလင်ဒင်နည်းစေမယ်၊
သားအိမ် အချိန်မတန်ဘဲ ညှစ်မှာကို တားထားပေးမယ်။
ပရိုဂျက်စတီရုန်းက
???? ၂-၃ ရက်မှာ 1-3 mg/ml တိုးတိုးလာရမယ်။
• ကိုယ်ဝန် နုကာစမှာ 10 mg/ml အနည်းဆုံးရှိနေသင့်တယ်။
• ကိုယ်ဝန် ၅-၆ ပါတ်မှာ 12-20 mg/ml ရှိနေသင့်တယ်။
• ကိုယ်ဝန် ပဌမ ၃ လ = 9-47 mg/ml (11.2-90.0 mg/mL)
• ကိုယ်ဝန် ဒုတိယ ၃ လ = 17-147 mg/ml (25.6-89.4 mg/mL)
• ကိုယ်ဝန် တတိယ ၃ လ = 55-200 mg/ml (49-300 mg/ml)
• ရာသီစက်ဝန်းထဲမှာလဲ ပြောင်းနေတယ်။
• ရာသီရက် ၁-၁၄ ရက် = >1 to 1.5ng/ml
• ရာသီရက် ၁၅-၂၈ ရက် = 2-28 mg/ml (5 to 20 mg/mL)
ကိုယ်ဝန်ရှိ-မရှိစမ်းတဲ့ အခါ hCG အချင်းဟော်မုန်းနဲ့အတူ ပရိုဂျက်စတီရုန်း ဟော်မုန်း ဟာလည်း ပုံမှန်ကိုယ်ဝန် ဟုတ်-မဟုတ်ကို တိုင်းတာစရာတွေဖြစ်ပါတယ်။
???? ပရိုဂျက်စတီရုန်းကို ဘယ်က ထုတ်ပေးပါသလဲ ဆိုရင်
????မျိုးဥအိမ်၊ ကျောက်ကပ်အထက်မှာအဖုံးလိုကပ်နေတဲ့ အဒရီနယ်ဂလင်း (Adrenaline) နဲ့ ဦးနှောက်အောက်နားက အိတ်ကလေးတွေကနေ အလိုလိုထုတ်ပေးနေတာဖြစ်တယ်။
????ကိုယ်ဝန် ၈ ပါတ်ကစပြီး အချင်းကနေထုတ်ပေးတယ်။
???? သူ့ကြောင့်လည်း ဆီးပိုသွားစေတယ်။
???? စိတ်မကျအောင်လည်းလုပ်ပေးတယ်။
???? လိင်စိတ်ပိုစေတယ်။
???? စိုးရိမ်စိတ် နည်းစေတယ်။
???? ပရိုဂျက်စတီရုန်းကို Feel good hormone နေလို့ထိုင်လို့ကောင်းစေတဲ့ဟော်မုန်းလို့လည်းခေါ်ကြတယ်။
ပရိုဂျက်စတီရုန်း ကို
????ကိုယ်ဝန်ဆောင်နေစဉ် သွေးနည်းနည်းဆင်းတာလည်း ပေးတယ်။
????ကလေးရစေအောင်လည်းပေးတယ်။
????သားအိမ်အတွင်းဆုံးအလွှာ အောက်မှာ ရှိနေတဲ့ အကျိတ်ရောဂါနဲ့ သားအိမ်ကင်ဆာအတွက်လည်းသုံးတယ်။
ပရိုဂျက်စတီရုန်း ဆေးရဲ့ brand တွေကတော့ - Utrogestan ၊ Susten စသည် ဖြစ်ပါတယ်။
ကျနော်သိသလောက် Susten (progesterone) ကို တနေ့ ၁-၂ ကြိမ် ပေးတယ်။ ????ထိုးဆေး၊ စားဆေးအပြင် မွေးလမ်ကြောင်းထဲ ထည့်ဆေးအနေနဲ့လည်းလာတယ်။
ရာသီမမှန်တဲ့ အမျိုးသမီးတွေအတွက်ပါသုံးတယ်။
ရာသီမလာသူတွေကို Progesterone 5-10 mg ကို ၆-၈ ရက်ဆက် ထိုးပေးတယ်။
မျိုးဥအိမ်က ဆေးကို တုန့်ပြန်မှု ရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။
နောက် သိသင့်သိထိုက်တာတွေကတော့ -
???? ကိုယ်ဝန်မဆောင်မီသုံးခြင်း
လလယ်ရက်မှာ မျိုးဥထွက်ပြီးတာနဲ့ ပရိုဂျင်စတီရုန်းထွက်လာရမယ်။
မျိုးဥအိမ်ကနေ သဘာဝအတိုင်း ထုတ်ပေးနေတဲ့ ဟော်မုန်း နည်းနေရင် ဒါမှမဟုတ် လုံးဝထုတ်မပေးရင်လည်း ပရိုဂျင်စတီရုန်းကိုပေးရတယ်။
သူရှိမှသာ သားအိမ် အတွင်းဆုံးလွှာက ကောင်းမယ်။
???? ကိုယ်ဝန်ဆောင်ချိန်သုံး လို့ ရလား ဆိုရင်
ပရိုဂျင်စတီရုန်းကနေ သန္ခေသားဖွံ့ထွားစေဖို့ ကူညီတယ်။
သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်ပါတယ်။
ကိုယ်ဝန် ၈-၁ဝ ပါတ်နောက်မှာ အချင်းဖြစ်လာပြီး ပရိုဂျင်စတီရုန်းထုတ်ပေးဘို့ တာဝန်ယူလာတယ်။
ထိုးဆေးအပြင် နောက်ထပ် ပရိုဂျင်စတီရုန်း အမျိုးမျိုး ရှိပါတယ် ....
၁။ Vaginal gel မိန်းမကိုယ် ထဲ ထည့်ရတဲ့ ဂျဲလ်ကို
တနေ့ ၁ ခါထည့်ရတယ်။
၂။ Vaginal suppositories မိန်းမကိုယ် ထဲ ထည့်ဆေး (ဂြိုလ်တု)
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။
၃။ Vaginal inserts မိန်းမကိုယ် ထဲ ထည့်ဆေး
အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေကိုသုံးတာများတယ်။
တနေ့မှာ ၂-၃ ခါထည့်နိုင်တယ်။
၄။ Progesterone oral capsules သောက်ဆေး
တနေ့မှာ ၃ ခါ သောက်သုံးနိုင်ပါတယ်။
???? မွေးလမ်းထဲထည့်ဘို့ မရည်ညွှန်းပါ။
???? ဘေးထွက်ဆိုးကျိုးများ
▪️ ကြားရက်သွေးဆင်းတာ၊
▪️ အစက်ကလေးသာဆင်းတာ၊
▪️ အရင်ကနဲ့ မတူတာ။
▪️ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊
▪️ ကိုယ်ရောင်တာ၊
▪️ သားအိမ်ဝကအဖြူဆင်းတာ၊
▪️ အသား အနည်းငယ်ဝါလာတာ
▪️ ရင်သား တင်းနာလာတာ၊
▪️ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊
▪️ ဝက်ခြံထွက်တာ၊
▪️ အမွှေးထူတာ၊
▪️ စိတ်ကျတာ၊
▪️ ကိုယ်ပူတာ၊
▪️ အိပ်မပျော်တာ၊
▪️ ပျို့တာတွေ
ဖြစ်နိုင်တယ်။
???? ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမပေးသင့်ဘူး
လဲ ဆိုရင်
???? သွေးပြန်ကြောရောင်သူ၊
???? အသည်းမကောင်းသူ၊
???? ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊
???? မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊
???? Missed abortion ကိုယ်ဝန်ပျက်သူ။
မေတ္တာဖြင့် ,
ဒေါက်တာဇီဝက