Progestin တစ်မျိုးတည်းပါသည့် နေ့စဉ်သောက်ရသည့် သန္ဓေတားဆေး (POP pills) (Progestin-Only Oral Contraceptive Pills)
- ဟော်မုန်းတစ်မျိုးသာပါဝင်ပြီး တစ်နေ့တစ်လုံး နေ့စဉ်သောက်သုံးရသည့် သားဆက်ခြားဆေးကဒ်ဖြစ်ပါသည်။ ရင်သားကင်ဆာ လတ်တလော ဖြစ်နေသူတွေ ဖြစ်ထားဖူးသူတွေ မသုံးသင့်ပါ။ အသည်းရောဂါရှိသူများ၊ လေဖြတ်ခြင်း နှလုံးသွေးကြောကျဉ်းရောဂါရှိသူများတွင်လည်း မသုံးသင့်ပါ။
- အချိန်တိကျစွာသောက်ရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် စသောက်တော့မည်ဆိုလျှင် မည်သည့်အချိန်နာရီတွင် ပုံမှန် သောက်ရန် အဆင်ပြေမည်ကို သေချာရွေးချယ်ရပါမည်။ အများအားဖြင့် ပုံမှန် သောက်ချိန်၏ ၃ နာရီကျော်ပြီး နောက်ကျ၍ မရပါ။
- COC က ရာသီစလာချိန်၏ ပထမ ၅ ရက်အတွင်း စသောက်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့သောက်လျှင် ကိုယ်ဝန်ရနိုင်ခြေကို နောက်ထပ် သားဆက်ခြားနည်းသုံးစရာမလိုဘဲ ကာကွယ်နိုင်မည်ဖြစ်သည်။
- အကယ်၍ ရာသီစလာချိန်မှ ၅ ရက်နောက်ပိုင်းတွင်မှ စသောက်လျှင် စသောက်ပြီး ၂ ရက်အတွင်း ကိုယ်ဝန်ကို အပြည့်အဝမတားဆီးနိုင်သေးသဖြင့် ထိုရက်အတွင်း အတူနေမည်ဆိုပါက တခြား သားဆက်ခြားနည်းတစ်ခုခု (ဥပမာ ကွန်ဒုံး) ကို သုံးသင့်သည်။
- တစ်ကတ်ကုန်လျှင် နောက်နေ့တွင် နောက်တစ်ကတ်ချက်ချင်းဆက်သောက်ရမည်။
- ကလေးနို့တိုက်မိခင်တွေအတွက် သောက်သုံးနိုင်သည့် သောက်ဆေးကဒ်ဖြစ်ပြီး ဆေးရပ်လိုက်လျှင်လည်း ချက်ချင်း ကလေးပြန်ရနိုင်ပါသည်။
- နို့တိုက်မိခင်မဟုတ်ပါက သွေးတစ်စက် တစ်စက် ဆင်းခြင်း ဖြစ်နိုင်ပါသည်။
- Estrogen မပါသည့်အတွက် Estrogen ပါသော နည်းလမ်း သုံးမရသူများတွင် သုံးနိုင်ပါသည်။
သင့်တွင် တခြားရောဂါအခံတစ်ခုခုရှိခြင်း၊ ဆေးဓာတ်မတည့်ခြင်းများရှိတတ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးပါ။ အကယ်၍ ပုံမှန်ဆေးသောက်ရန် မေ့သွားပါက မည်သို့ ဆက်လုပ်သင့်သည်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။