Search
Search
Search

PrEP against HIV

PrEP ဆိုတာ ဘာလဲ

PrEP ကို အရှည်ကောက်ပြောရလျှင် Pre Exposure Prophylaxis(against HIV) ကို အတိုကောက်ခေါ်သော အသုံးအနှုန်းဖြစ်ပါသည်။

ဘယ်သူတွေ အတွက်လဲ။
HIV ပိုးကူးစက်နိုင်ခြေများသော

  • လိင်ဆက်ဆံဖော်များပြီး အကာအကွယ် ကွန်ဒုံး (Condom) ပုံမှန် မသုံးဖြစ်သူများ
  • ကာမလုပ်သားများ
  • အကြောထဲ မူးယစ်ဆေး သုံးစွဲတတ်သူများ
  • မိမိအိမ်ထောင်ဖက် သို့မဟုတ် အဖော် တွင် HIV ပိုးရှိနေသူများတွင်
    HIV ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်သည့် နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုနိုင်ပါသည်။

သတိပြုရန်

  • PrEP သည် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သော်လည်း တခြား HIV ကာကွယ်သည့် နည်းလမ်းဖြစ်သည့် ကွန်ဒုံးအစားထိုးနည်းလမ်းအနေနှင့် အသုံးမပြုစေလိုပါ။ အကြောင်းမှာ ကွန်ဒုံးသုံးစွဲမှသာ HIV အပြင် တခြားလိင်မှ တဆင့်ကူးစက်တတ်သော အသည်းရောင်အသားဝါပိုးများ၊ ဂနိုရောဂါစသည်တို့ကို ကာကွယ်နိုင်မည်ဖြစ်ပြီး PrEP သည် HIV တစ်မျိုးတည်းအတွက်သာဖြစ်သည်။ PrEP ကို ကွန်ဒုံးနှင့် တွဲသုံးလျှင်ပိုမိုထိရောက်နိုင်မည်ဖြစ်သည်။
  • PrEP သည် ပုံမှန်သောက်သုံးမှသာ ပိုမိုထိရောက်နိုင်မည်ဖြစ်သည်။ တစ်နေ့တစ်ကြိမ်သောက်သုံးရမည်ဖြစ်ရာ အချိန်မှန်သောက်သုံးရန်လိုပါသည်။
  • CDC က ပြောကြားထားချက်အရ PrEP သည် မူးယစ်ဆေးထိုးသုံးစွဲသူများနှင့် မိန်းမကိုယ်တွင် ကာမဆက်ဆံခြင်းများအတွက် စသောက်ပြီး၂၁ ရက်၊ စအိုတွင် ကာမဆက်ဆံခြင်းများအတွက် စသောက်ပြီး ၇ရက်ကြာမှသာ ကာကွယ်နိုင်ခြေအကောင်းဆုံးအနေအထားသို့ရောက်သည်ဟုဆိုသည်။

PrEP အမျိုးအစားများ

  • နေ့စဉ်သောက်ရသည့် သောက်ဆေးအမျိုးအစား (လတ်တလော သောက်ဆေးအမျိုးအစားသည် မြန်မာနိုင်ငံတွင် ရရှိနိုင်ပါသည်။)
  • တစ်လတစ်ခါထိုးရသည့် ထိုးဆေး
  • အမျိုးသမီများတွင် မိန်းမကိုယ်တွင် ထည့်ထားရသည့် Ring အမျိုးအစား

PrEP သောက်ရန်

  • သင့်တွင် HIV ပိုးမရှိနေရန် လိုပါသည်။
  • လိုအပ်သော စစ်ဆေးမှုများခံယူပြီး PrEP စသောက်ရန် ဆရာဝန်နှင့် ဆက်သွယ်ပါ။

PrEP ရရှိနိုင်သောနေရာများ

  • Top Center Myanmar facebook page
  • Prevent Yangon facebook page
  • ထွန်းအခမဲ့ဆေးခန်းများ စသည်တို့တွင် စုံစမ်းရယူနိုင်ပါသည်။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊