Search
Search
Search

PEP ဆိုတာဘာလဲ

Post exposure prophylaxis of HIV ဆိုသည်မှာ

HIV ပိုးကူးစက်နိုင်သည့် အခြေအနေမျိုးတွင် ပိုးကူးစက်နိုင်ခြေလျော့နည်းစေရန်သောက်သုံးရသော ဆေးများဖြစ်ပါသည်။

PEP ကို သုံးသင့်သည့် အ​ခြေအနေများ

  • စိတ်မချရသူနှင့်အကာအကွယ်မဲ့ လိင်ဆက်ဆံမိလျှင်၊ ကွန်ဒုံးသုံးသော်လည်းပေါက်သွားခြင်း၊ ကျွတ်သွားခြင်း စသည်တို့ ဖြစ်လျှင်
  • အပ်စူးလျှင်၊ဆေးထိုးအပ်မျှဝေသုံးစွဲမိလျှင်
  • လိင်အကြမ်းဖက်ခံရလျှင်

PEP စသောက်ရမည့် အချိန်

HIV ကူးစက်နိုင်ခြေရှိသော အဖြစ်အပျက်ဖြစ်ပြီး ၇၂ နာရီအတွင်းစသောက်ရပါမည်။

မည်မျှကြာအောင်သောက်ရမည်နည်း။

၂၈ ရက်သောက်ရမည့်ဆေးဖြစ်ပါသည်။

PEP သောက်ရန်လိုအပ်ချက်များ

သင့်မှာ HIV မရှိဖို့လိုပါမယ်။ အဲ့လိုပဲ တခြားရောဂါအခံတွေ ရှိမရှိ စစ်ဆေးပြီးမှသောက်ရပါမည်။ ဆရာဝန်ညွှန်ကြားချက်နဲ့ စစ်ဆေးပြီးမှ သောက်ရမှာမို့ ဆရာဝန်နဲ့ အမြန်ဆုံးဆက်သွယ်ပါ။

ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်ပါသလဲ။

အဓိက ဘေးထွက််ဆိုးကျိုးတွေ အနေနဲ့ကတော့ မူးတာ၊ ပျို့အန်တာ၊ ဗိုက်ကယ်တာ၊ အစားမစားချင်တာတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ကောင်းမကောင်းကြည့်ဖို့လည်းလိုပါတယ်။

PEP ကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးတိုင်း သောက်လို့ရပါသလား။

PEP ကို ခဏခဏသောက်နေရင် HIV ကို ကာကွယ်နိုင်ခြေ နည်းလာပါမယ်။ ဒါကြောင့် HIV ကာကွယ်နိုင်ဖို့ကွန်ဒုံးသုံးတာမျိုးကိုပဲ ဦးစားပေးလိုက်နာပါ။ PEP ကို အရေးပေါ်အခြေအနေမှာပဲ သုံးသင့်ပါတယ်။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊