Search
Search
Search

Paracetamol/Acetaminophen

ကိုက်ခဲခြင်း၊ ဖျားနာခြင်းများအတွက် သုံးသောဆေးဖြစ်သည်။

အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမည်။

သောက်သုံးနိုင်သည့် ပမာဏ

လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ

  • ၅၀၀ မီလီဂရမ် (500mg) ဆေးကို တစ်နေ့ ၄ ကြိမ်ထိ သောက်သုံးနိုင်ပါသည်။ 650 မီလီဂရမ် (650 mg) ဆေးကို တစ်နေ့ ၃ ကြိမ်ထိ သောက်သုံးနိုင်ပါသည်။ ထိုထက်များသော ပမာဏ လိုအပ်နိုင်သော်လည်း ဆရာဝန် ညွှန်ကြားမှသာ ထိုထက်ပိုမိုသောက်သုံးသင့်သည်။

ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ

  • ကလေး၏ ကိုယ်အလေးချိန်ကို ကီလိုဂရမ် (Kilogram/kg) နှင့် ချိန်ပြီး ၁၅ နှင့်မြှောက်ပါက တစ်ကြိမ်သောက်နိုင်သည့် မီလီဂရမ် (mg) ကို ရပါမည်။ အများဆုံးတစ်ခါတိုက် ၅၀၀ မီလီဂရမ် (500mg) ထိသာ တိုက်ပါ။ တစ်နေ့ ၃ ကြိမ်ထိ သောက်နိုင်ပါသည်။
  • ကလေးများအတွက် အရည်နှင့် လာပါက အရည်တွင် ပါသော ပမာဏပေါ်မူတည်၍ တိုက်ရမည်ဖြစ်ရာ ဆရာဝန်နှင့် တိုင်ပင်ပေးပါ။

ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရပါမည်။

(စအိုတွင်ထည့်ရသော ဆေးတောင့်လည်း လာပါသည်။ အထက်ပါ ဆေးပမာဏအတိုင်း တွက်ချက် အသုံးပြုနိုင်ပါသည်။)

အစာနှင့် သောက်သုံးရန်လို/မလို

အစာစားပြီးသောက်သုံးသင့်ပါသည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင် သောက်သုံး၍ ရ/မရ

  • ယေဘူယျအားဖြင့် ရပါသည်။ (သို့သော် ဆရာဝန်ကို အသေးစိတ်မေးမြန်းသင့်ပါသည်။)

ဘေးထွက်ဆိုးကျိုးများ

  • ပျို့အန်ခြင်း၊ အစာအိမ်ထိခြင်း၊ သွေးနှင့်ပတ်သက်သော ပြဿနာများ
  • သောက်သုံးသင့်သော ပမာဏထက် ပိုမိုသောက်သုံးမိပါက အသည်းထိဓာတ်ပါသည်။

ဆေးကို မသောက်သင့်သူများ

  • အရင် Paracetamol မတည့်ခြင်းဖြစ်ဖူးသူများ၊ အသည်းရောဂါပြင်းထန်သူများ

သတိပြုရမည့် သူများ

  • အသည်း ကျောက်ကပ် ရောဂါရှိသူများ၊ သွေးရောဂါ (G6PD နည်းသူများ) ရှိသူများ  အနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်ပါ။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊