အမျိုးသမီး သားကြောဖြတ်ခြင်း
- အမျိုးသမီးသားဥပြွန်ကို ဖြတ်ပေးသော နည်းလမ်းဖြစ်သည်။
- ခွဲခန်းဝင်ရန်လိုအပ်သည်။
- သားကြောဖြတ်ရန် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ရမှ လုပ်နိုင်သည်။
- ကလေးအရေအတွက်များသော သို့မဟုတ် ရောဂါအခံရှိသည့် အမျိုးသမီးများတွင် သားဖွားနှင့် မီးယပ်ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း လုပ်ဆောင်ရန် လိုပါသည်။
——————————————————————————————————————–
ရက်ရှောင်ခြင်း
- ရာသီရက် အကြမ်းအားဖြင့် မှန်သော အမျိုးသမီးများတွင်သာ အသုံးပြုနိုင်သော နည်းလမ်းဖြစ်ပါသည်။
- ရာသီသည် တစ်လတစ်ကြိမ်ဟု ပြောလေ့ရှိသော်လည်း အတိအကျတွက်လျှင် ၂၁ ရက် တစ်ကြိမ်မှ ၃၅ ရက် တစ်ကြိမ်ထိ ဖြစ်တတ်သည်။ ထိုသို့ ရာသီတစ်ကြိမ်နှင့် တစ်ကြိမ်လာချိန်ကြားရက်ကို ရာသီစက်ဝန်းဟုခေါ်သည်။
- ရက်ရှောင်ခြင်းကို အသုံးပြုနိုင်ရန် အမျိုးသမီးအနေနှင့် မိမိ၏ ရှေ့ ၆လတာ ရာသီစက်ဝန်းများကို မှတ်သားထားနိုင်ရန်လိုပါသည်။ ထို့အပြင် ယခုလ ပထမဆုံးရာသီလာသည့်ရက်ကိုလည်းမှတ်မိရပါမည်။
- ရှေ့ ၆ လအတွင်း ရာသီစက်ဝန်းများ၏ အတိုဆုံးလ ရာသီစက်ဝန်း ရက်ထဲမှ ၁၈ ကို နုတ်ပါ။ အရှည်ဆုံးလ ရာသီစက်ဝန်းရက်ထဲမှ ၁၁ ကိုနုတ်ပါ။
- ဥပမာ ရှေ့၆ လအတွင်းရှိ အတိုဆုံး ရာသီစက်ဝန်းသည် ၂၇ ရက်ဆိုပါစို့။ ၂၇ မှ ၁၈ ကို နုတ်လျှင် ၉ ရပါမည်။ ယခုလ ရာသီစလာသည့် ပထမရက်အပါအဝင် ၉ ရက်မြောက်တွင် ယခုလအတွက် ကလေးရနိုင်ခြေစရှိသည်ဟု ယူရမည်။
- အရှည်ဆုံးရာသီစက်ဝန်းသည် ၃၀ ဆိုပါစို့။ ၃၀ မှ ၁၁ ကိုနုတ်လျှင် ၁၉ ရပါမည်။ ယခုလ ရာသီစလာသည့် ပထမရက်အပါအဝင် ၁၉ ရက်မြောက်သည် ယခုလအတွက် ကလေးရနိုင်ခြေနောက်ဆုံးရက်ဟု ယူရမည်။
- ထို့ကြောင့် ယခုလအတွက်ကလေးရနိုင်သည့် ရက်များမှာ ရာသီစလာသည့်ရက်မှစတွက်လျှင် ၉ရက်မြောက်မှ ၁၉ ရက်မြောက်အထိဖြစ်ရာ ကလေးမလိုချင်ပါက ထိုကာလတွင် လိင်ဆက်ဆံမှုကို ရှောင်ရန် (သို့မဟုတ်) ကွန်ဒုံးကဲ့သို့ တခြားသားဆက်ခြားနည်းတစ်ခုခုသုံးရန်လိုပါမည်။
——————————————————————————————————————–
အမျိုးသားသုက်ရည်ကို အပြင်သို့ထုတ်ခြင်း
- တချို့အမျိုးသားများတွင် သုက်ရည်စောထွက်တတ်သဖြင့် ကလေးရသွားတတ်ပါသည်။
——————————————————————————————————————–
Diaphragm or Cap များသုံးစွဲခြင်း
- အမျိုးသမီး သားအိမ်ခေါင်းတွင် သုက်ပိုးများအပေါ်သို့ မတက်စေရန် ကာထားပေးသော ပစ္စည်းများဖြစ်ပါသည်။ ပုံများကိုသာ ပြပေးထားပါသည်။