- သားအိမ်ထဲတွင် ထည့်သွင်းရသည့် ပစ္စည်းဖြစ်ပါသည်။
- သေးငယ်ပျော့ပျောင်းပြီး ကြေးနီ ပါဝင်ပါသည်။
- ပစ္စည်းအမျိုးအစားအလိုက် (၅) နှစ်ကနေ (၁၀) နှစ်အထိ သားဆက်ခြားပေးနိုင်ပါသည်။
- ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းထံတွင် ထည့်သွင်းရန်လိုပါသည်။ ကိုယ်ဝန်ဆောင်လိုပါက ကျန်းမာရေးဝန်ထမ်းထံတွင် ပြန်လည်ထုတ်နိုင်ပြီး ထုတ်ပြီး မကြာမီ ကိုယ်ဝန်ပြန်ရနိုင်ပါသည်။
- ဟော်မုန်းမပါသဖြင့် ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဝလာခြင်းစသည်တို့ မဖြစ်လာပါ။
- နို့တိုက်မိခင်များတွင် အသုံးပြုနိုင်ပါသည်။
သတိပြုရန်
- ကိုယ်ဝန်မရှိကြောင်းသေချာမှ ထည့်သင့်ပါသည်။
- အမျိုးသမီးအင်္ဂါတွင် ပိုးဝင်ဖူးသူများတွင် အသုံးမပြုသင့်ပါ။
- သွေးဆင်းများတတ်သူများ၊ သားအိမ်နှင့် သားအိမ်ခေါင်းတွင် ပြဿနာရှိသူများတွင် မသုံးသင့်ပါ။
- ကြေးနီဓာတ်မတည့်ခြင်းကဲ့သို့သော ပြဿနာရှိသူများတွင် မသုံးသင့်ပါ။
- ဟော်မုန်းပါသည့် သားအိမ်တွင်းထည့်သည့် ပစ္စည်း (IUS) လည်းရှိရာ ဟော်မုန်းပါသော သန္ဓေတားနည်း မသုံးသင့်သူများတွင် ဟော်မုန်းမပါသော IUD သာ သုံးရပါမည်။