Acute stroke cases တွေမှာ Blood pressure ကို ချမလား မချဘူးလား အမြဲတန်း ဝိရောဓိ ဖြစ်နေတတ်ပါတယ်။
အခုတော့ Current NICE guidelines ကပြောထားတာလေးကို ပြန် Share ပေးချင်တာပါ။
NICE ကတော့ ICH လား Ischemic stroke လားပေါ်မူတည်ပြီး ခွဲပြောထားပါတယ်။
Within 6 hours of onset အတွင်းလာတဲ့ ICH တွေဆိုရင် Systolic BP 150-220 mmHg ဆို BP ချပေးဖို့ပြောထားပါတယ်။ After 6 hours မှ လာတဲ့ ICH တွေ အတွက်တော့ SBP 220mmHg ကျော်မှ BP ချဖို့ စဉ်းစားဖို့ ပြောထားပါတယ်။
အဲ့မှာကို Rapid BP reduction မလုပ်သင့်တဲ့ Conditions ေလးတွေ ထပ်ပြောထားပါသေးတယ်။
Ischemic stroke တွေမှာတော့ Intravenous thrombolysis လုပ်မယ့်သူတွေဆို 185/110 mmHg အောက်ချဖို့ ပြောထားပြီး အဲ့လိုမှ မဟုတ်ရင်တော့ Hypertensive emergency conditions တွေ ဖြစ်တဲ့
- Hypertensive encephalopathy
- Hypertensive nephropathy
- Hypertensive cardiac failure/myocardial infarction
- Aortic dissection
- Pre-eclampsia/eclampsia
တွေရှိမှပဲ Antihypertensive treatment ပေးဖို့ ပြောထားပါတယ်။