အကိုက်အခဲပျောက်ဆေးအဖြစ် သုံးသောဆေးဖြစ်သည်။
အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။
သောက်သုံးနိုင်သည့် ပမာဏ
လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ
- ၄၀၀-၆၀၀ မီလီဂရမ် (400-600 mg) ဆေးကို တစ်နေ့ သုံးကြိမ်ထိ သောက်သုံးနိုင်ပါသည်။ အစားစားပြီးမှ သောက်ပါ။
ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ
- ကလေးများအတွက် ကိုယ်အလေးချိန်ပေါ်မူတည်၍ တိုက်ရမည်ဖြစ်ရာ ဆရာဝန်နှင့် တိုင်ပင်ပေးပါ။
ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆေးကို လျှော့ပြီး သောက်သုံးရမည်ဖြစ်ရာ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရပါမည်။
အစာနှင့် သောက်သုံးရန်လို/မလို
အစာစားပြီးသောက်သုံးသင့်ပါသည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင် သောက်သုံး၍ ရ/မရ
ဆရာဝန်နှင့် တိုင်ပင်ပြီး မဖြစ်မနေ အနေအထားမှသာ သုံးစွဲသင့်သည်။
ဘေးထွက်ဆိုးကျိုးများ
အစာအိမ်ထိခိုက်ခြင်း၊ မူးခြင်း၊ ပျို့အန်ခြင်း၊ ဖောရောင်ခြင်း၊ နားအူခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ သွေးနှင့် ပတ်သက်သောပြဿနာများဖြစ်ပွားခြင်း။
သတိပြုရမည့် သူများ (မိမိသဘောနှင့် မိမိဆေးကို မသုံးစွဲသင့်သူများ)
အစာအိမ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါအခံရှိသူများ၊ ရင်ကြပ်ရောဂါအခံရှိသူများ၊ အကိုက်အခဲပျောက်ဆေးဓာတ်မတည့်သူများ။