Search
Search
Search

Hazards of Passive Smoking

သင်ရဲ့ဘေးမှာ တစ်စုံတစ်ယောက်က ဆေးလ်ိပ်သောက်နေပြီဆိုရင်

အားနာလို့ ဘာမှ မပြောဘဲ သည်းခံနေလိုက်မလား။

ခဏလောက်ပဲ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး နေလိုက်လို့ရမလား။

အဖြေလေးကို ပြောပါဆိုရင် “အန်ကယ်ကတော့ နိုးပါ” လို့ ဖြေရမှာပါပဲ။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဆရာကိုယ်တိုင် မသိချင်ယောင်ဆောင် သည်းခံပြီးဆေးလိပ်အငွေ့ရှူနေရတဲ့ အနေအထားတွေ အများကြီးပါပဲ။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ဘေးဝိုင်းက ဆေးလိပ်သောက်နေတာ၊ ပိုဆိုးတာက ကိုယ်နဲ့ တစ်ဝိုင်းတည်းထိုင်နေတဲ့သူတွေ ထဲကပါ ဆေးလိပ်သောက်နေတာတွေ ကြုံဖူးကြမှာပါ။

ဘေးကသူက ဆေးလိပ်သောက်နေတဲ့ အငွေ့ကို ကိုယ်က ရှူရပြီဆိုရင် အဲ့ဒါကို Passive smoking လို့ခေါ်ပါတယ်။

Passive smoking ကခဏလေးမို့ အန္တရာယ်မရှိပါဘူးလို့ ပြောလို့မရပါဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ခဏလေးတောင် မရှူနေသင့်ဘူးလို့ ဆိုပါတယ်။

ဆေးလိပ်သောက်တဲ့သူ ၈ ယောက် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ သေနေတဲ့ အချိန်မှာ Passive smoker တစ်ယောက်လည်း လိုက်သေနေပါတယ်တဲ့။ ဆေးလိပ်သောက်တဲ့သူနဲ့ အတူနေတဲ့သူတစ်ယောက်ဟာ နှလုံးသွေးကြောပိတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

Passive smoking ကြောင့် 

  • ကင်ဆာရောဂါတွေ
  • နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်းနဲ့ တခြားနှလုံးပြဿနာတွေ
  • လေဖြတ်တာ
  • ရင်ကြပ်ရောဂါနဲ အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးပိုဝင်လွယ်တာတွေ
  • ဆီးချိုရောဂါ

စတာတွေ​ပိုမိုဖြစ်ပွါးစေတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေမှာ Passive smoking ကြောင့် ပြဿနာပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာPassive smoking ခံရမိရင် ဗိုက်ထဲက ရင်သွေးလေးပါ ပြဿနာဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့လည်း ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်သလိုကိုယ်တိုင် မဖြတ်နိုင်သေးရင်တောင် ကိုယ့်ပတ်ဝန်းကျင်က လူတွေ မထိခိုက်စေဖို့ သူများဘေးမှာဆေးလိပ်သောက်မနေဖို့၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်မနေမိစေဖို့ ဆင်ခြင်သင့်ပါသည်။ ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သူတွေအနေနဲ့လည်း ဆေးလိပ်ငွေ့နဲ့တတ်နိုင်သရွေ့ ဝေးဝေးရှောင်ဖို့ စေတနာနဲ့ တိုက်တွန်းလိုက်ပါရစေနော်။

#ကိုယ်စိတ်ကျန်းမာ

#ziwakacare

#ziwakadirectory

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊