Search
Search
Search

မျိုးပွားအင်္ဂါတွင် အနာဖြစ်ခြင်း

မျိုးပွားအင်္ဂါတွင် အနာဖြစ်ခြင်း၏ အကြောင်းရင်းများတွင်
လိင်မှ တဆင့် ကူးစက်သော ရောဂါများ ဖြစ်သည့်
• Syphilis ကာလသားရောဂါ
• Chancroid
• ရေယုန် (Genital Herpes)
• Lymphogranuloma venereum
• Granuloma inguinale တို့ပါဝင်သလို
လိင်ဆက်ဆံခြင်းနှင့် သက်ဆိုင်ခြင်း မရှိသော
• Behcet’s disease
• ဆေးမတည့်ခြင်းနှင့် ဆက်စပ်သော Steven-Johnson’s ကဲ့သို့ ရောဂါများ
• တခြား အရေပြားနှင့် ဆက်စပ်သော ရောဂါများပါဝင်သည်။


ထိုအကြောင်းရင်းများတွင်မှ အဖြစ်များသော အကြောင်းရင်းများအကြောင်းဖော်ပြလိုက်ပါသည်။


Syphilis ကာလသားရောဂါ
လိင်ဆက်ဆံရာမှ တဆင့် အဓိက ကူးစက်တတ်သလို နမ်းခြင်း၊ သွေးသွင်းခြင်း၊ အပ်စူးမိခြင်း စသည်တို့ကြောင့်လည်း ကူးစက်တတ်သည်။ ကာလသားရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးကို ကူးစက်ခြင်းလည်း ရှိပါသည်။
Syphilis ကာလသားရောဂါဝင်ရောက်ပါက ပထမအဆင့် အနေဖြင့် မျိုးပွားအင်္ဂါ (သို့မဟုတ်) ပိုး စဝင်သော နေရာတွင် အနာဖြစ်လေ့ရှိသည်။ အများအားဖြင့် အနာသည် တစ်ခုတည်းဖြစ်တတ်သည်။ ပေါင်ခြံတွင် အကျိတ်လည်းပေါ်တတ်သည်။ ထူးခြားချက်မှာ နာကျင်မှုမရှိသလို ဆေးကုသမှု မပြုလျှင်ပင် ၂ပတ်မှ ၆ ပတ်အတွင်း သူ့ဘာသာ အနာပျောက်သွားတတ်သည်။ သို့သော် ထိုသို့ အနာပျောက်သွားသည်မှာ ပိုးပျောက်သွားခြင်းမဟုတ်ဘဲ နောက်ပိုင်းတွင်မှ ရောဂါပြန်ပေါ်လာပြီး ဒုတိယအဆင့် တတိယအဆင့် ကာလသားရောဂါများ ဆက်လက်ဖြစ်ပွားလာတတ်သည်။ ထို့ကြောင့် ပထမအဆင့် အနာဖြစ်သည့်အချိန်တွင်ပင် သေချာကုသရန်လိုပါသည်။


Chancroid
Haemophilus ducreyi ဟုခေါ်သော အကောင်ကြောင့်ဖြစ်သည်။ အနာကလေးများ တစ်ခုထက်မကဖြစ်တတ်ပြီး နာကျင်မှုရှိတတ်သည်။ ပေါင်ခြံတွင်လည်း အကျိတ်ပေါ်တတ်ပါသည်။


ရေယုန်
အနာကလေးများမပေါ်လာခင် ရေကြည်ဖုကလေးများ ဉီးစွာဖြစ်ပေါ်လာလေ့ရှိသည်။ ပေါင်ခြံတွင်လည်း အကျိတ်များ ထွက်လာတတ်သည်။ နာကျင်မှုရှိသည်။

တစ်ခု ပြောကြားလိုသည်မှာ မျိုးပွားအင်္ဂါတွင် အနာဖြစ်တိုင်း လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်ခြင်းတော့ မဟုတ်ပါချေ။ အပေါ်တွင် ဖော်ပြထားသည့် တခြားအကြောင်းရင်းများလည်း ရှိတတ်ပါသေးသည်။ မည်သည့် အကြောင်းကြောင့်ဖြစ်သည်ဖြစ်စေ သေချာကုသရန် လိုအပ်ရာ ရှက်ရွံ့မနေဘဲ ဆရာဝန်နှင့် အမြန်ပြသပြီး ကုသမှုခံယူရန် လိုအပ်ပါသည်။ ထို့ကြောင့် မိမိအသိတစ်စုံတစ်ယောက်က မျိုးပွားအင်္ဂါတွင် အနာဖြစ်သည့် အကြောင်းပြောပြလာပါကလည်း သူ့ကို ရှုတ်ချမနေဘဲ ဆရာဝန်နှင့် အမြန်ပြသရန် တိုက်တွန်းပေးသင့်ပါသည်။


လိင်မှတဆင့်ဖြစ်ပွားသော ရောဂါများဆိုပါက မိမိနှင့် အတူနေသည့် အဖော်(များ) ကိုပါ တစ်ပြိုင်တည်း ကုသစေရန် လိုအပ်ပါသည်။ မဟုတ်ပါက တစ်ဉီးမှ တစ်ဉီး အပြန်အလှန် ထပ်ခါထပ်ခါ ကူးစက်နေမည်ဖြစ်သည်။


ထို့အပြင် အရေးကြီးသည့် နောက်တစ်ချက်မှာ မျိုးပွားအင်္ဂါတွင် အနာရှိနေပါက HIV အပါအဝင် တခြား လိင်မှတဆင့် ကူးစက်သော ရောဂါများလည်း ပိုမိုကူးစက်ဝင်ရောက်နိုင်သဖြင့် အရေးကြီးလှပါသည်။

လိင်မှ တဆင့် ကူးစက်သော ရောဂါများ မဖြစ်ပွားစေရန် လိင်အပျော်အပါး လိုက်စားမှုကို ရှောင်ကြဉ်ခြင်း၊ စိတ်မချရသော အဖော်နှင့် အတူနေတိုင်း အကာအကွယ် ကွန်ဒုံးသုံးခြင်း၊ ရောဂါတစ်ခုခုဖြစ်ပွားလာပါက ရှက်ရွံ့မနေဘဲ ဆရာဝန်နှင့် အမြန်ပြသခြင်းများလုပ်ဆောင် သင့်ပါသည်။

Leave a Reply

Share:

Latest Posts:

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone