Search
Search
Search

Foods to avoid in hyperthyroid (Thyroid ဟော်မုန်းများသောသူများတွင် ရှောင်ရှားသင့်သည့် အစားအစာများ)

“ဆရာ ရင်တွေတုန်တုန်နေတယ်ဆရာ၊ မောလည်းမောတယ်၊ လက်တွေလည်းတုန်တယ်။”
လူနာကို ကြည့်လိုက်တော့ ခပ်ပိန်ပိန်၊ မျက်လုံးလေးက နည်းနည်းပြူးချင်ချင်။ လည်ပင်းလေးက ခပ်မို့မို့။

“ပိန်သွားလာခင်ဗျ”
ဒေါက်တာကျော် ပြန်မေးကြည့်လိုက်သည်။
“ဟုတ်ဆရာ၊ ပိန်သွားတယ်။”
“အစားရော စားနိုင်လား၊ အဲ့ဒါနဲ့ သူ အခုတလော စိတ်ပိုတိုနေတတ်လားဗျ”
လူနာ့ အမျိုးသားဘက်ကို ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။
လူနာ့အမျိုးသားက ရယ်ရင်းဖြေသည်။ “ဟုတ်တယ်ဆရာ”
“အဲ့ဒါဆို လည်ပင်း Thyroid ဟော်မုန်းများတဲ့ လက္ခဏာတွေပါ၊ ဆရာလိုတာလေးစမ်းသပ်ပြီး သွေးစစ်ခိုင်းပါမယ်။ လတ်တလော သောက်ဖို့ ဆေးလည်းညွှန်လိုက်ပါမယ်။”
နောက်တစ်ကြိမ် အဖြေနှင့် လာပြတော့ Thyroid ဟော်မုန်းဓာတ်များနေသည်ဟု အဖြေထွက်သည်။
“ဆရာ ကုသမှု အကြောင်း ရှင်းပြပါမယ်။………..”
…………
“ဟုတ်ဆရာ။ ဘာတွေရှောင်ဖို့လိုမလဲ”
လူနာကပြန်မေးခြင်းဖြစ်သည်။

………………………..

Thyroid ဟော်မုန်းများသည် တစ်နည်းအားဖြင့် လည်ပင်းဂလင်း အဆိပ်များသည်ဟု အသိများသော Hyperthyroid ရောဂါရှိနေသူများတွင် ရှောင်ရှားသင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

အိုင်အိုဒင်းဓာတ်သည် သာမန်သူများတွင် ကောင်းသော်လည်း Thyroid ဟော်မုန်းများသူများတွင် အိုင်အိုဒင်းဓာတ်များက ပိုဆိုးစေတတ်ပါသည်။ ထို့ကြောင့် အိုင်အိုဒင်းဓာတ်များသည် အောက်ပါအစားအစာများကို လျော့စားသင့်ပါသည်။

  • အိုင်အိုဒင်းဆား
  • ငါးအမျိုးမျိုး
  • ခရု
  • ပင်လယ်ရေမှော်
  • ပုဇွန်၊ ဂဏန်း နှင့် တခြားပင်လယ်စာများ
  • နို့ထွက်ပစ္စည်းများ
  • ဥအနှစ်
  • အိုင်အိုဒင်းဓာတ်ဖြည့်ထားသော တခြားအစားအစာများ

ထို့အပြင် ပဲပိစပ်ဖြင့်လုပ်ထားသော အစားအစာများသည် Thyroid ဟော်မုန်းများခြင်းအတွက် ဓာတ်ရောင်ခြည်ဆေးဟု လူသိများသော Radio iodine ကုသမှု ယူသည့်အချိန်တွင် ဆေး၏ ထိရောက်မှုကို အားလျော့စေသည့်အတွက် ထိုကုသမှုယူထားချိန်တွင် မစားသင့်ပါချေ။ ဥပမာ ပဲနို့၊ တို့ဟူး

ကဖင်း ခေါ် ကော်ဖီဓာတ်သည် ရင်တုန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းစသည့် Thyroid ဟော်မုန်းများခြင်းကြောင့် ဖြစ််သော လက္ခဏာများကို ပိုမို ဆိုးစေတတ်သဖြင့် ထိုလက္ခဏာများရှိနေလျှင် ကော်ဖီ၊ ချောကလက်၊ ကဖင်းဓာတ်ပါသော စွမ်းအားဖြည့် အချိုရည်များ၊ ကိုလာ စသည်တို့ကို လျှော့သောက်သင့်ပါသည်။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊