ပြီးခဲ့သော ၅ ရက်အတွင်း အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့မိပြီး အရေးပေါ်သန္ဓေတားရန် လိုနေသူများအတွက် အရေးပေါ်သန္ဓေတားနည်းလမ်းများရှိပါသည်။
- အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် နာရီ (၁၂၀) အတွင်း သုံးစွဲနိုင်သည့် နည်းလမ်းများဖြစ်သည်။
- လိင်ဆက်ဆံပြီး စောနိုင်သမျှစောစွာသုံးစွဲလေ အာနိသင် ပိုမိုများလေ ဖြစ်ပါသည်။
- အဓမ္မပြုကျင်ခံရခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ကွန်ဒုံးပေါက်ပြဲသွားခြင်း၊ ဆေးထိုး ဆေးသောက်ရန် နောက်ကျသွားခြင်းစတဲ့ အခြေအနေတွေမှာ အရေးပေါ်အနေနဲ့ အသုံးပြုရန်ဖြစ်ပါသည်။
အရေးပေါ်သန္ဓေတားစားဆေး(Emergency Contraceptive Pills)
- သောက်သုံးနည်း
- Levonorgestrel 0.75mg ပါသော ဆေးနှစ်လုံးကို တစ်ပြိုင်တည်း (သို့) တစ်လုံးကို ယခုသောက်ပြီး နောက်တစ်လုံးကို ၁၂ နာရီခြားပြီး သောက်ရပါမည်။ ဆေးသောက်ပြီး ၂ နာရီအတွင်းအန်က ထပ်သောက်ပါ။
- အရေးပေါ်အခြေအနေအတွက်သာ ဖြစ်ပါသည်။
- ပုံမှန်သားဆက်ခြားနည်းလမ်းအဖြစ် ရေရှည်သုံးရန် မသင့်တော်ပါ။ ပုံမှန်သားဆက်ခြားရန်လိုပါက တခြားနည်းလမ်းများကို ဆက်လက်အသုံးပြုပါ။
နေ့စဉ်သောက် တားဆေး (COC) ကို အရေးပေါ်အနေနှင့် သုံးစွဲခြင်း
- ethinyl estradiol 50 µg + levonorgestrel 0.25 mg ပါသော တားဆေးကို ယခု ၂ လုံး၊ နောက် ၁၂ နာရီကြာလျှင် ၂ လုံး ထပ်သောက်ပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်းအန်က ထပ်သောက်ပါ။
သားအိမ်တွင်းထည့်သည့် ပစ္စည်း
- အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး ၁၂၀ နာရီအတွင်းထည့်ရသည့် ပစ္စည်းဖြစ်ပါသည်။ ကြေးနီဓာတ်ပါဝင်သည့် ပစ္စည်းဖြစ်ပါသည်။ သားအိမ်ထဲသို့ ဆရာဝန် (သို့) ကျန်းမာရေးဝန်ထမ်းက ထည့်ပေးရန်လိုအပ်ပါသည်။