- Progestin ဟော်မုန်းပါတဲ့ သားဆက်ခြား ထိုးဆေးဖြစ်ပါသည်။ မိန်းမကိုယ်က ရာသီလာချိန်မဟုတ် သွေးဆင်းနေသူတွေ၊ ရင်သားကင်ဆာ လတ်တလော ဖြစ်နေသူတွေ၊ ဖြစ်ထားဖူးသူတွေ မသုံးသင့်ပါ။ အသည်းရောဂါရှိသူများ၊ လေဖြတ်ခြင်း နှလုံးသွေးကြောကျဉ်းရောဂါရှိသူများတွင်လည်း မသုံးသင့်ပါ။
- အများအားဖြင့် (၃) လ သို့မဟုတ် (၁၃) ပတ် တစ်ကြိမ် မှန်မှန်ထိုးရပါသည်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုက်နာပါ။
- ရာသီစလာချိန်၏ ပထမ ၅ ရက်အတွင်း ထိုးလျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့သောက်လျှင် ကိုယ်ဝန်ရနိုင်ခြေကို နောက်ထပ် သားဆက်ခြားနည်းသုံးစရာမလိုဘဲ ကာကွယ်နိုင်မည်ဖြစ်သည်။
- အကယ်၍ ရာသီစလာချိန်မှ ၅ ရက်နောက်ပိုင်းတွင်မှ စထိုးလျှင် စထိုးပြီး ၇ ရက်အတွင်း ကိုယ်ဝန်ကို အပြည့်အဝမတားဆီးနိုင်သေးသဖြင့် ထိုရက်အတွင်း အတူနေမည်ဆိုပါက တခြား သားဆက်ခြားနည်းတစ်ခုခု (ဥပမာ ကွန်ဒုံး) ကို သုံးသင့်သည်။
- နောက်တစ်ကြိမ်ထိုးရန် ဆရာဝန်၏ ရက်ချိန်းကို သေချာမှတ်ထားရန်လိုပါသည်။
- သွေးတစ်စက် တစ်စက်ဆင်းခြင်း၊ ရာသီပေါ်ချိန်မမှန်ခြင်း၊ ဓမ္မတာထိန်ခြင်း၊ ဝလာခြင်း၊ ခေါင်းအနည်းငယ်ကိုက်ခြင်း၊ ဝက်ခြံပေါက်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။
- နို့တိုက်မိခင်တွင် အသုံးပြုနိုင်ပါသည်။
- ကလေးလိုချင်သဖြင့် ဆေးဖြတ်လိုက်လျှင်လည်း ကလေး ချက်ချင်းပြန်ရချင်မှ ရတတ်ပါသည်။ ထို့ကြောင့် တစ်နှစ်အတွင်း ကလေးယူရန် အစီအစဉ်ရှိပါက မသုံးသင့်ပါ။
သင့်တွင် တခြားရောဂါအခံတစ်ခုခုရှိခြင်း၊ ဆေးဓာတ်မတည့်ခြင်းများရှိတတ်ပါက ဆရာဝန်နှင့် သေချာတိုင်ပင်ပါ။ အကယ်၍ ပုံမှန်ဆေးထိုးချိန် ကျော်သွားပါက မည်သို့ ဆက်လုပ်သင့်သည်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။