Search
Search
Search

Daily intake of water

တစ်နေ့ကို ရေဘယ်လောက်သောက်ကြရမလဲ။

ကျောက်ကပ် နှလုံးကဲသို့ ရောဂါအခံရှိသူများအဖို့ ယေဘူယျအားဖြင့် တစ်နေ့ကို ရေ ၂ လီတာ (ရေသန့်ဘူး ၂ ဘူးခန့်) သောက်ရန် အကြံပေးလေ့ရှိပြသည်။ သို့သော် တစ်နေ့တာ သောက်ရန် လိုအပ်သော ရေပမာဏသည် တခြားအကြောင်းအချက်များပေါ်တွင် မူတည်လေ့ရှိသည်။ 

သုတေသနပြုချက်များအရ အမျိုးသားတစ်ဦးသည် တစ်နေ့တာ အရည်ဓာတ် ၃.၇ လီတာ၊ အမျိုးသမီးတစ်ဦးသည် ၂.၇ လီတာခန့်လိုအပ်သည်ဟုဆိုကြပါသည်။ 

အဆိုပါအရည်ပမာဏစုစုပေါင်းသည် နေ့စဉ်သောက်သော ရေတင်မကဘဲ ဟင်းချို၊ ကော်ဖီ၊ လက်ဖက်ရည်စသော အရည်များ၊ အသီးအနှံတွင်ပါသော အရည်များ အားလုံးပေါင်းကို ထည့်တွက်ထားခြင်းဖြစ်ပါသည်။

တစ်နေ့တာ အရည်ဓာတ် ပိုမိုသောက်သုံးရန်လိုအပ်သည့် တခြားအကြောင်းအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစားအသောက်ပုံစံ – အငန် အစပ်များသော အစားအစာများ စားသုံးပါက ရေပိုသောက်ရန် လိုအပ်တတ်ပါသည်။ ကော်ဖီသည် ဆီးသွားမှုကို ပိုမိုများစေတတ်ရာ ကော်ဖီသောက်တတ်သူများအနေဖြင့် ရေပိုမိုသောက်ခြင်းဖြင့် ဆီးပိုမိုသွားခြင်းကြောင့် ဆုံးရှုံးထားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် လိုပါသည်။

ပူပြင်းသော ရာသီဥတု – ပိုမိုချွေးထွက်ခြင်းကြောင့် ဆုံးရှုံးထားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရန် ရေနှင့် အရည် ပိုမိုသောက်သုံးရန်လိုအပ်ပါသည်။

ကိုယ်လက်လှုပ်ရှားမှု – လေ့ကျင့်ခန်းအနေဖြင့်ဖြစ်စေ၊ အလုပ်အကိုင် သဘာဝအရဖြစ်စေ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ရသူများတွင် ချွေးထွက်များခြင်းကြောင့် ရေဓာတ်ပိုမိုလိုအပ်ပါသည်။

ဖျားနာ နေထိုင်မကောင်းလျှင် – ဆရာဝန်၏ ညွှန်ကြားချက်နှင့် အညီ ရေနှင့် အရည်ကို ပိုမိုသောက်သုံးရန်လိုအပ်တတ်ပါသည်။

နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ – နို့တိုက်နေချိန် ကိုယ်ဝန်ဆောင်နေချိန်တို့တွင် ရေဓာတ်ပိုမို လိုအပ်လေ့ရှိပါသည်။

Leave a Reply

Share:

Latest Posts:

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone