Search
Search
Search

နေ့စဉ်သောက် ဟော်မုန်း ၂မျိုးပါသည့် သားဆက်ခြားသန္ဓေတားဆေးကဒ်(Combined Oral Contraceptive Pills)

နေ့စဉ်သောက် ဟော်မုန်း ၂မျိုးပါသည့် သားဆက်ခြားသန္ဓေတားဆေးကဒ်(Combined Oral Contraceptive Pills)

  • အမျိုးသမီး ဟော်မုန်း (၂) မျိုးပါဝင်ပြီး တစ်နေ့တစ်လုံး နေ့စဉ်သောက်သုံးရသည့် သားဆက်ခြား ဆေးကဒ်ဖြစ်ပါသည်။
  • ထိရောက်မှုရှိပြီး ဆေးရပ်လိုက်လျှင်လည်း ချက်ချင်း ကလေးပြန်ရနိုင်ပါသည်။
  • COC က ရာသီစလာချိန်၏ ပထမ ၅ ရက်အတွင်း စသောက်လျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့သောက်လျှင် ကိုယ်ဝန်ရနိုင်ခြေကို နောက်ထပ် သားဆက်ခြားနည်းသုံးစရာမလိုဘဲ ကာကွယ်နိုင်မည်ဖြစ်သည်။
  • ပြထားသော မျှား သို့မဟုတ် လက်ညှိုးပုံအတိုင်းသောက်သွားရပါမည်။
  • အကယ်၍ ရာသီစလာချိန်မှ ၅ ရက်နောက်ပိုင်းတွင်မှ စသောက်လျှင် စသောက်ပြီး ၇ ရက်အတွင်း ကိုယ်ဝန်ကို အပြည့်အဝမတားဆီးနိုင်သေးသဖြင့် ထိုရက်အတွင်း အတူနေမည်ဆိုပါက တခြား သားဆက်ခြားနည်းတစ်ခုခု (ဥပမာ ကွန်ဒုံး) ကို သုံးသင့်သည်။
  • ၂၈ လုံးပါသည့် ဆေးကတ်ဆိုလျှင် တစ်ကတ်ကုန်လျှင် နောက်တစ်ကတ် ချက်ချင်းစသောက်ရမည်။ ၂၁ လုံးသာပါသည့်ကတ်ဆိုလျှင် တစ်ကတ်ကုန်ပြီး ၇ ရက်နားပြီးမှ နောက်တစ်ကတ်စသောက်ပါ။
  • မသုံးစွဲသင့်သည့် အခြေအနေတွေ တော့ ရှိပါသည်။ (မသုံးစွဲသင့်သည့် အခြေအနေများကို ပြန်လည်ဖတ်ရှုရန် နှိပ်ပါ။)
  • ရာသီလာချိန်တွင် ဖြစ်တတ်သော ဗိုက်အောင့်ဗိုက်နာ၊ ရာသီသွေးများခြင်းနှင့် သွေးအားနည်းခြင်းတို့ကို  ကာကွယ်ပေးနိုင်ပါသည်။ ဝက်ခြံလည်းပျောက်ပါသည်။
  • ဆေးစသောက်ကာစတွင် ရံဖန်ရံခါ သွေးတစ်စက် တစ်စက်ဆင်းခြင်း၊ ရာသီသွေးမမှန်တာခြင်းများဖြစ်နိုင်ပါသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းသွေးဆင်းနှုန်း နည်းပါးပြီး လအနည်းငယ်ကြာလျှင် မှန်လာနိုင်ပါသည်။
  • ဝလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားဝါခြင်း၊ တင်းတိပ်ထွက်ခြင်း၊ သွေးကြောတွင်းသွေးခဲခြင်းစသည်တို့ တချို့သူများတွင် ဖြစ်တတ်ပါသည်။

သင့်တွင် တခြားရောဂါအခံတစ်ခုခုရှိခြင်း၊ ဆေးဓာတ်မတည့်ခြင်းများရှိတတ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးပါ။ အကယ်၍ ပုံမှန်ဆေးသောက်ရန် မေ့သွားပါက မည်သို့ ဆက်လုပ်သင့်သည်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊