အအေးမိနှာစေးခြင်း၊ ဓာတ်မတည့်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။
အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။
သောက်သုံးနိုင်သည့် ပမာဏ
လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ
- ၁၀ မီလီဂရမ် (10mg) တစ်နေ့တစ်ကြိမ် သို့မဟုတ် ၅ မီလီဂရမ် (5 mg) ဆေးကို တစ်နေ့ နှစ်ကြိမ်ထိ သောက်သုံးနိုင်ပါသည်။
ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ
- အသက် ၂ နှစ်မှ ၆ နှစ်ကြား 2.5 mg တစ်နေ့နှစ်ကြိမ်၊ အသက် ၆-၁၂ နှစ်ကြား 5mg တစ်နေ့နှစ်ကြိမ်
- ကလေးများအတွက် အရည်နှင့် လာပါက အရည်တွင် ပါသော ပမာဏပေါ်မူတည်၍ တိုက်ရမည်ဖြစ်ရာ ဆေးအညွှန်းတွင် ပါသည့် အတိုင်း သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ပေးပါ။
ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရပါမည်။
အစာနှင့် သောက်သုံးရန်လို/မလို
မလိုပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင် သောက်သုံး၍ ရ/မရ
သုတေသနပြုထားမှု လုံလုံလောက်လောက်မရှိသေးသည့် အတွက် ဆရာဝန်နှင့် တိုင်ပင်ပြီး မဖြစ်အနေ လိုအပ်မှသာ သောက်သင့်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ မူးဝေခြင်း
ဆေးကို မသောက်သင့်သူများ
Cetrinzine နှင့်ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ
သတိပြုရမည့် သူများ
အရက်သောက်ထားသူများ၊ တခြားအိပ်ဆေးသောက်ထားသူများ မသောက်သင့်ပါ။ အတက်ရောဂါရှိသူများ သတိထားသောက်သင့်ပါသည်။