Search
Search
Search

အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ

အများပြည်သူအတွက်

Inhalers in asthma

ရင်ကြပ်အတွက် ဆေးဂေါက် ရှူဆေးဘူးများတွင် ပုံမှန် ရှူရမယ့် ဆေးနှင့် ကြပ်သည့်အချိန်မှ ရှူရမယ့်ဆေးဆိုပြီး ၂ မျိုးကွဲပါသည်။ ပုံမှန် ရှူရမည့် ဆေးများသည် ပုံမှန်ရှူမှသာ ရင်မကြပ်စေရန် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ကြပ်သည့်အချိန်မှ ရှူရမည့်ဆေးကလည်း ကြပ်သည့်အချိန်တွင် ရှူမှ ကြပ်သည်ကို အမြန်သက်သာအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ကြပ်မှ

Read More »

Hazards of Passive Smoking

သင်ရဲ့ဘေးမှာ တစ်စုံတစ်ယောက်က ဆေးလ်ိပ်သောက်နေပြီဆိုရင် အားနာလို့ ဘာမှ မပြောဘဲ သည်းခံနေလိုက်မလား။ ခဏလောက်ပဲ ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး နေလိုက်လို့ရမလား။ အဖြေလေးကို ပြောပါဆိုရင် “အန်ကယ်ကတော့ နိုးပါ” လို့ ဖြေရမှာပါပဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဆရာကိုယ်တိုင် မသိချင်ယောင်ဆောင် သည်းခံပြီးဆေးလိပ်အငွေ့ရှူနေရတဲ့ အနေအထားတွေ အများကြီးပါပဲ။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ဘေးဝိုင်းက ဆေးလိပ်သောက်နေတာ၊ ပိုဆိုးတာက ကိုယ်နဲ့ တစ်ဝိုင်းတည်းထိုင်နေတဲ့သူတွေ ထဲကပါ ဆေးလိပ်သောက်နေတာတွေ ကြုံဖူးကြမှာပါ။ ဘေးကသူက ဆေးလိပ်သောက်နေတဲ့ အငွေ့ကို ကိုယ်က ရှူရပြီဆိုရင် အဲ့ဒါကို Passive smoking လို့ခေါ်ပါတယ်။ Passive smoking ကခဏလေးမို့ အန္တရာယ်မရှိပါဘူးလို့ ပြောလို့မရပါဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ခဏလေးတောင် မရှူနေသင့်ဘူးလို့ ဆိုပါတယ်။ ဆေးလိပ်သောက်တဲ့သူ ၈ ယောက် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ သေနေတဲ့ အချိန်မှာ Passive smoker တစ်ယောက်လည်း လိုက်သေနေပါတယ်တဲ့။ ဆေးလိပ်သောက်တဲ့သူနဲ့ အတူနေတဲ့သူတစ်ယောက်ဟာ နှလုံးသွေးကြောပိတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။ Passive smoking ကြောင့်  စတာတွေ​ပိုမိုဖြစ်ပွါးစေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေမှာ Passive smoking ကြောင့် ပြဿနာပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာPassive smoking ခံရမိရင် ဗိုက်ထဲက ရင်သွေးလေးပါ ပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့လည်း ကိုယ်တိုင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်သလိုကိုယ်တိုင် မဖြတ်နိုင်သေးရင်တောင် ကိုယ့်ပတ်ဝန်းကျင်က လူတွေ မထိခိုက်စေဖို့ သူများဘေးမှာဆေးလိပ်သောက်မနေဖို့၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်မနေမိစေဖို့ ဆင်ခြင်သင့်ပါသည်။ ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သူတွေအနေနဲ့လည်း ဆေးလိပ်ငွေ့နဲ့တတ်နိုင်သရွေ့ ဝေးဝေးရှောင်ဖို့ စေတနာနဲ့ တိုက်တွန်းလိုက်ပါရစေနော်။ #ကိုယ်စိတ်ကျန်းမာ #ziwakacare #ziwakadirectory

Read More »