Search
Search
Search

အစားအစာနှင့် ကျန်းမာရေး

အစားအစာနှင့် ကျန်းမာရေး

Some Health benefits of Avocado

ထောပတ်သီး ကြိုက်တဲ့သူတွေ ရှိကြလား။ ထောပတ်သီးက ကျန်းမာရေးအတွက် တော်တော်အကျိုးပြုတဲ့အထဲမှာ ပါဝင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေက သွေးတွင်း ကိုလက်စရောကို ကျစေလို့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ် ဆိုတာမျိုး ကြားဖူးကောင်း ကြားဖူးကြမှာပါ။ အဲ့ဒါအပြင် ထောပတ်သီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် တခြား ကောင်းကျိုးလေးတွေ အများကြီးရှိပါသေးတယ်တဲ့။

Read More »

Can a diabetic patient eat watermelon?

ဆီးချိုသမား ဖရဲသီးစားလို့ရလား။ ဖရဲသီးက ချိုတယ်ဆိုပေမယ့် Glycemic load လို့ခေါ်တဲ့ သကြားပါဝင်မှုက နည်းတာကြောင့် အသင့်အတင့် စားနိုင်တဲ့ အသီးလို့ ဆိုပါတယ်။ The Times of India မှာပါတဲ့ ကျန်းမာရေး ဆောင်းပါးအရ တစ်နေ့ကို ဖရဲသီး ၁၅၀ ဂရမ်ထိ စားလို့ရတယ်ဆိုပါတယ်။

Read More »
အစားအစာနှင့် ကျန်းမာရေး

Daily intake of water

တစ်နေ့ကို ရေဘယ်လောက်သောက်ကြရမလဲ။ ကျောက်ကပ် နှလုံးကဲသို့ ရောဂါအခံရှိသူများအဖို့ ယေဘူယျအားဖြင့် တစ်နေ့ကို ရေ ၂ လီတာ (ရေသန့်ဘူး ၂ ဘူးခန့်) သောက်ရန် အကြံပေးလေ့ရှိပြသည်။ သို့သော် တစ်နေ့တာ သောက်ရန် လိုအပ်သော ရေပမာဏသည် တခြားအကြောင်းအချက်များပေါ်တွင် မူတည်လေ့ရှိသည်။  သုတေသနပြုချက်များအရ အမျိုးသားတစ်ဦးသည် တစ်နေ့တာ

Read More »
အစားအစာနှင့် ကျန်းမာရေး

ပန်းနာရင်ကြပ်နှင့် အစားအစာ

ပန်းနာရင်ကြပ်မှာ ဘယ်လိုအစားတွေ စားသင့်သလဲ။ ရှောင်ရမလဲ။ “ဆရာ၊ ရင်ကြပ်အတွက် အစား ဘာတွေ ရှောင်ရမလဲ”လူနာများက အမေးများသော မေးခွန်းတစ်ခုဖြစ်သည်။“အရင်ဆုံးကတော့ ကိုယ် ဘယ်လိုအစားအစာတွေ စားလိုက်ရင် ကြပ်တတ်သလဲကို မှတ်ထားဖို့လိုမယ်”ဒေါက်တာကျော် အရင် ပြန်ဖြေလေ့ရှိသော အဖြေဖြစ်သည်။ပန်းနာရင်ကြပ်၏ အဓိကအကြောင်းအချက်ထဲတွင် မိမိနှင့် ဓာတ်မတည့်သော အရာများနှင့် ထိတွေ့မှုရှိသည့်အခါ ရင်ကြပ်တတ်ခြင်းဖြစ်သည်။

Read More »
အစားအစာနှင့် ကျန်းမာရေး

Hypothyroid and foods (Thyroid hormone နည်းသူများနှင့် အစားအသောက်ပုံစံ)

ရှေ့တစ်ရက်က Thyroid ဟော်မုန်းများသူများတွင် ဆင်ခြင်ရမည့် အစားအစာများကို ရေးခဲ့ပါတယ်။ အခု Thyroid hormone နည်းသူများမှာ လိုက်နာသင့်သော အစားအသောက်ပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။ စားသုံးသင့်သည့် အစားအစာများ အိုင်အိုဒင်း အိုင်အိုဒင်းဓာတ်နည်းလျှင် Thyroid ဟော်မုန်းဓာတ်နည်းတတ်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသများတွင်အိုင်အိုဒင်းပိုမိုချို့တဲ့ပြီး လည်ပင်းကြီးရောဂါဖြစ်ပွါးတတ်ကြပါတယ်။ အိုင်အိုဒင်းဆားကို ပုံမှန်သုံးစွဲသင့်ပါတယ်။ပင်လယ်ငါးများ၊ ပုဇွန်၊ ဂဏန်း၊ ပင်လယ်ရေမှော် စသည်တို့ကလည်း အိုင်အိုဒင်းများသော အစားအစာများဖြစ်ပါတယ်။ ဆီလိီနီယမ် (Selenium) Selenium ဓာတ်ကလည်း Thyroid ဟော်မုန်းထုတ်ရာတွင် လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Selenium ဖြည့်စွက်အားဆေးအနေဖြင့်လည်း ဆရာဝန်များက ညွှန်ကြားတတ်ကြသလို Selenium ပါဝင်တဲ့ အစားအစာများအထဲမှာ ဥအမျိုးမျိုး၊ ပဲပင်ပေါက်၊ တူနာ၊ ဆာဒင်းစတဲ့ ငါးများပါဝင်ပါတယ်။ သံဓာတ် သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းခြင်းသည်လည်း Thyroid ဟော်မုန်းနည်းခြင်းနှင့် ဆက်စပ်တတ်ရာသံဓာတ်အားနည်းမှု ရှိပါက ဆရာဝန်၏ ညွှန်ကြားချက်နှင့် သံဓာတ်အားဆေးသောက်ရပါမယ်။ အခြားဓာတ်များ ဗီတာမင်ဒီ၊ မက်ဂနီစီယမ် (Magnesium)၊ B12, ဇင့် (zinc) တို့ကလည်း thyroid အတွက် ကောင်းတဲ့ ဓာတ်များဖြစ်သည့် အလျောက် ဆရာဝန်၏ ညွှန်ကြားချက်နှင့် အညီ လိုအပ်ပါက ဖြည့်စွက်သောက်သုံးဖို့လိုပါမယ်။ ရှောင်သင့်သည် အစားအစာများ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မျှစ်နှင့် ပဲပိစပ်မှ ထုတ်ထားသော ပဲနို့၊ ပဲပြားစတဲ့ အစားအစာတွေက Thyroid ဟော်မုန်းထုတ်တာကို နည်းစေတတ်လို့ အဆိုပါအစားအစာများကို လျှော့စားသင့်ပါတယ်။ အထူးသဖြင့် မချက်ဘဲစားရင် ပိုဆိုးတတ်သည်ဟု ဆိုကြပါတယ်။  နောက်တစ်ခုရှိသည်မှာ Thyroid ဟော်မုန်းဆေးသည် ပဲပိစပ်ပါသော အစာများ၊ အမျှင် ပါဝင်မှုများသော အစားများ၊ ကယ်စီယမ် (Calcium)ပါဝင်မှုများသော နွားနို့အပါအဝင် အစားအစာများနှင့် တွဲသောက်မိပါက ဆေးအာနိသင် လျော့ကျနိုင်သဖြင့် Thyroid ဟော်မုန်းဆေးကို အစာမစားမီသောက်သုံးရန် ညွှန်ကြားလေ့ရှိပါသည်။  အစာလည်းဆေး ဆေးလည်းအစာဆိုသကဲ့သို့ စားသုံးသင့် ရှောင်ကြဉ်သင့်သော အစားအစာများကို ဆင်ခြင်ကြခြင်းဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးကို ရရှိနိုင်ကြပါစေရန် ဆန္ဒပြုလိုက်ပါတယ်။ ဒေါက်တာကျော်​(ဆေးပညာ) #ziwakacare  #ကိုယ်စိတ်ကျန်းမာ  #Allaboutmedicine  #Doctors_Myittar 

Read More »
အစားအစာနှင့် ကျန်းမာရေး

Foods to avoid in hyperthyroid (Thyroid ဟော်မုန်းများသောသူများတွင် ရှောင်ရှားသင့်သည့် အစားအစာများ)

“ဆရာ ရင်တွေတုန်တုန်နေတယ်ဆရာ၊ မောလည်းမောတယ်၊ လက်တွေလည်းတုန်တယ်။”လူနာကို ကြည့်လိုက်တော့ ခပ်ပိန်ပိန်၊ မျက်လုံးလေးက နည်းနည်းပြူးချင်ချင်။ လည်ပင်းလေးက ခပ်မို့မို့။ “ပိန်သွားလာခင်ဗျ”ဒေါက်တာကျော် ပြန်မေးကြည့်လိုက်သည်။“ဟုတ်ဆရာ၊ ပိန်သွားတယ်။”“အစားရော စားနိုင်လား၊ အဲ့ဒါနဲ့ သူ အခုတလော စိတ်ပိုတိုနေတတ်လားဗျ”လူနာ့ အမျိုးသားဘက်ကို ကြည့်ပြီး မေးလိုက်ခြင်းဖြစ်သည်။လူနာ့အမျိုးသားက ရယ်ရင်းဖြေသည်။ “ဟုတ်တယ်ဆရာ”“အဲ့ဒါဆို လည်ပင်း Thyroid

Read More »
အစားအစာနှင့် ကျန်းမာရေး

ဥတစ်လုံးရဲ့ အခွံပေါ်က ဘက်တီးရီယားများ

ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အစရှိသော ဥများ၏ အခွံပေါ်တွင် ဘက်တီးရီးယားများ အပါအဝင် ပိုးများရှိနေတတ်သည်ဟု လေ့လာမှုများအရဆိုပါသည်။ ဥများသည် ဥအုချသော အမေကြက်မ ဘဲမတို့၏ စအိုလမ်းကြောင်းမှ ထွက်လာခြင်းဖြစ်ရာအဆိုပါ စအိုလမ်းကြောင်းမှ ပိုများဖြင့် ပေကျံနေတတ်သည်။ ထို့အပြင် အပြင်ဘက်ရောက်လာသောအခါတွင်လည်း ထပ်မံ၍ ပေကျံခြင်းများမှ တဆင့် နောက်ထပ်ပိုးများ ထပ်မံတင်ကျန်နေတတ်သည်။  အခွံပေါ်မှ ပိုးကောင်လေးများသည် ဥအခွံကွဲသွားသည့်အခါ ဥအတွင်းပိုင်းသို့ ထပ်မံဝင်ရောက်သွားတတ်ပါသည်။  ဥများကို ရေဆေးသင့်ပါသလား။ မစင်များပေကျံနေသော ဥများမှ လွဲ၍ ဥများကို ရေမဆေးသင့်ဟုဆိုပါသည်။  ရေဆေးရင်း အခန့်မသင့်ပါက ဥအခွံကွဲအက်သွားလျှင် အခွံပေါ်မှ ပိုးများသည် အတွင်းဘက်သို့ဝင်သွားနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့်လည်း စနစ်တကျ ပိုးသန့်စင်ထားသော Egg processing လုပ်ထားသည် ဥများကိုသာစားသုံးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။   ဥများကို သေချာကျက်အောင် ပြုတ်ပြီးမှ သာ စားသုံးသင့်ပါသည်။ မကျက်တကျက် စားခြင်းအစိမ်းသောက််ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။  ဥအစိမ်းများနှင့် ချက်ပြုတ်ထားပြီးသား အစားအသောက်များကို ရောပြီးမထားသင့်ပါ။

Read More »

သွေးထဲ ပိုတက်စီယမ် များနေသူများ ရှောင်ကြဉ်ရမည့် အစားအစာများ

ပိုတက်စီယမ် (potassium) ဓာတ်သည် သက်စောင့်ဓာတ်ဟုခေါ်ရလောက်အောင် ခန္ဓာကိုယ်နှင့် နှလုံးအတွက် အရေးကြီးသော ဓာတ်တစ်မျိုးဖြစ်သည်။ ပိုတက်စီယမ်သည် များလျှင်လည်း နှလုံးခုန်အမြန်လွန်ကာ အသက်အန္တရာယ်ရှိသလို နည်းလွန်းလျှင်လည်း ကြွက်သားများအားနည်းခြင်း၊ နှလုံးနှင့် အသက်ရှူရပ်ခြင်းများဖြစ်တတ်သဖြင့် ပိုတက်စီယမ်ဓာတ်ကို ပုံမှန်အတိုင်း ထိန်းသိမ်းရန်လိုအပ်ပါသည်။အောက်ပါအစားအသောက်များသည် ပိုတက်စီယမ်ပါဝင်မှုများသော အစားအသောက်များဖြစ်သဖြင့် ပိုတက်စီယမ်များနေသူများ ပိုတက်စီယမ်များတတ်သော ကျောက်ကပ်ဝေဒနာရှင် အစရှိသူများအတွက်

Read More »

ဆီးချိုသမား နွားနို့ သောက်လို့ရသလား။

နွားနို့ကို သကြားမထည့်ဘဲ သောက်လိုရပါတယ်။ နွားနို့်စစ်ဖို့တော့လိုပါမယ်။ ရေရောထားတတ်တဲ့ နို့တွေက သကြားပါရောထားတတ်တာမို့ပါ။ နွားနို့မှာ ရိုးရိုးနွားနို့နဲ အဆီလျှော့ထားတဲ့ နွားနို့ဆိုပြီးရှိပါတယ်။ ရိုးရိုးနွားနို့ကတော့ အဆီဓာတ်ပါဝင်မှုပိုများလို့ အဆီလျှော့ထားတဲ့ နွားနို့ကို သောက်ရင်တော့ ပိုသင့်တော်ပါတယ်။ တစ်ခုသတိထားရမှာက နွားနို့က အချိုဓာတ်ကို လုံးဝမတက်စေတာတော့ မဟုတ်ပါဘူး။ နွားနို့မှာလည်း ကစီဓာတ်ပါသင့်သလောက်တော့ပါ ပါတယ်။

Read More »

Covid ခံစားနေရရင် ဘာတွေ စားရမလဲ

ကိုဗစ်ကနေ အမြန်ပြန်ကောင်းဖို့မှာ အစားအသောက်နဲ့ အားပြန်ပြည့်အောင်လုပ်ဖို့ကလည်း အရေးကြီးတဲ့ အချက်ပါ။ အရေးကြီးဆုံးက ဗီတာမင် သတ္တုဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားဖို့ပါ။ Supplements တွေ အများကြီးရှိနေပေမယ့် သင်စားတဲ့ အစားအသောက်မှာ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေ အရွက်တွေ အသားဓာတ်တွေပါဖို့ကလည်း ပိုအရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေနဲ့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ အစာလည်းဆေး

Read More »