လူနာနှင့် ဆရာဝန်ဆက်ဆံရေး
လူနာကို ရောဂါအကြောင်းပေးမသိတာမှန်ရဲ့လား
“ဆရာရယ် အမေ့ကို အသိမပေးပါနဲ့ဦး”“အဖေ့ရှေ့မှာတော့ သူ့ရောဂါအကြောင်း မပြောပါနဲ့ ဆရာ၊ သူမသိစေချင်သေးလို့ ဆရာ့ကို သတ်သတ်လာတွေ့တာ”“ဆရာဝန်တွေကလည်း လူနာအရှေ့ရောဂါ အကြောင်းလျှောက်ပြောနေတယ်။” လူနာအနေနှင့် ရောဂါ အကြောင်းသိသွားလျှင်အများအားဖြင့် လူနာတစ်ယောက်အနေနှင့် ရောဂါအကြောင်းသိရှိသွားလျှင် စိတ်ဓာတ်ကျခြင်းဖြစ်သွားမည်ကို စိုးရိမ်တတ်ကြသည်။ စိတ်ထောင်း၍ ကိုယ်ကြေသည် ဟူသော အဆိုကို လက်ခံကြသည်နှင့် အညီ စိတ်ဓာတ်ကျပြီး