ကျောက်ကပ်ပြဿနာ
NSAIDs and Kidney Diseases
အကိုက်အခဲပျောက်ဆေးများနှင့် ကျောက်ကပ်ရောဂါ “ဆရာ အမေက ခြေထောက်လေးတွေ ရောင်နေလို့ပါ။”လိုအပ်သည်များကို စစ်ဆေးပြီး ကြည့်လိုက်တော့ ကျောက်ကပ်ထိခိုက်နေသော လက္ခဏာများရှိနေသည်။ ကျောက်ကပ်ထိခိုက်စေတတ်သော အကြောင်းများကို ထပ်မံရှာဖွေ နေရတော့သည်။….“ခဏခဏ သောက်နေရတဲ့ ဆေးတွေရော ရှိလားဗျ”“အမေက ဒူးနာနာနေတတ်တော့ ဆေးဆိုင်ကနေ အကိုက်အခဲပျောက်ဆေးတွေ အမြဲသောက်နေရတယ်ဆရာ” …….. အကိုက်အခဲပျောက်ဆေးများသည် ဆေးပမာဏများပြားစွာသောက်လျှင်သော်လည်းကောင်း၊ သောက်သည့်