Search
Search
Search

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း

ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။

ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ

ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊ အင်ပြင်တွေ ထွက်လာမယ်၊ ပိုဆိုးလာရင် ကိုယ်ခန္ဓာဖောလာတာ၊  အသက်ရှူရခက်တာ၊ ရင်ကြပ်လာတာ၊ ဗိုက်အောင့်လာတာ၊ သွေးပေါင်တွေကျလာတာ တွေထိဖြစ်ပြီး အသက်အန္တရာယ်ထိ ရှိလာတတ်ပါတယ်။

အဲ့မှာ တခုရှိတာက ဆေးဓာတ်မတည့်တာက ထိုးဆေးနဲ့မှ ဖြစ်တယ်လို့ ထင်မိတတ်ကြတာပါ။ အဲ့အချက်က မှားယွင်းပါတယ်။ ဓာတ်မတည့်တာ တကယ်ဆိုးရင် သောက်ဆေး နဲ့လည်း ဖြစ်တတ်ပါတယ်။ တခါတခါ အစားအစာတွေနဲ့လည်း ဖြစ်တတ်ပါတယ်။ (ဥပမာ မြေပဲမတည့်တာမျိုး) တချို့တွေဆို မတည့်တဲ့ အရာတွေနဲ့ ထိတွေ့မိရင်လည်း ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်တာက အရေးကြီးတယ်၊ အခန့်မသင့်ရင် အသက်အန္တရာယ်ထိဖြစ်တတ်တာကြောင့် ကိုယ် ဖြစ်ဖူးတဲ့ ဓာတ်မတည့်တဲ့ ဆေး၊ အစားအစာ၊ အရာတွေကို သေချာမှတ်ထားဖို့လိုပါတယ်။ ဆေးသောက်ရ ထိုးရတော့မယ်ဆို အဲ့လို ဓာတ်မတည့်တာကို ကိုယ့်ဆရာဝန် ဆရာမတွေကိုသေချာပြောပြပေးဖို့လိုပါတယ်။

အဲ့မှာ တခါတလေမှာ ဓာတ်မတည့်ဘူးလို့မှတ်ထားတဲ့ ဆေးက တကယ်တမ်း ဓာတ်မတည့်တာမျိုးမဟုတ်ဘဲ ဆေးသောက်ပြီး နုံးသွားရုံ၊ မအီမသာဖြစ်ရုံလောက်ပဲ ဖြစ်နေတာ ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုဆိုလည်း ကိုယ်ဖြစ်ဖူးတာကိုတော့ ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်ဘက်ကနေ ဓာတ်မတည့်တာ တကယ်ဟုတ်မဟုတ် လိုအပ်တာတွေ ဆက်လက်မေးမြန်းပြီး ခွဲခြားပါလိမ့်မယ်။

ပြီးတော့ နောက်တခုရှိတာက ဓာတ်မတည့်တာ ဖြစ်ဖူးရင် အဲ့ဓာတ်မတည့်ဖူးတဲ့ ဆေးကို သေချာ ရေးမှတ်ထားပြီး အဲ့ဆေးမှတ်တမ်းကို ကိုယ်နဲ့မကွာ ဆောင်ထားနိုင်ရင် ပိုကောင်းပါတယ်။ အဲ့ဒါမျိုးဆို တခြားဆေးနဲ့ မှားပြောမိတာမျိုးမရှိနိုင်သလို မပြောကောင်းမဆိုကောင်း ကိုယ်က နေမကောင်းတာ၊ အရေးပေါ်အခြေအနေကြုံတွေ့တာမျိုးမှာ ဘေးကသူတွေက မသိကြရင်တောင် ကိုယ့်ဆေးမှတ်တမ်းကို ဆရာဝန်တွေက ကြည့်ပြီး မတည့်တာကို သိသာနိုင်တာမျိုးမို့ပါ။

နောက်တစ်ခုကတော့ ဓာတ်မတည့်တာက အရင် တခါမှ မဖြစ်ဖူးလည်း အခုဖြစ်နိုင်ပါသေးတယ်။ ဓာတ်မတည့်တာ အဖြစ်များတဲ့ ပိုးသတ်ဆေးလိုမျိုးတွေဆို ထိုးဆေးဆို ဆရာဝန်တွေက တည့်မတည့်စမ်းပြီးမှ ထိုးလေ့ရှိပါတယ်။ ဒါပေမယ့် ဓာတ်မတည့်တာ ဖြစ်ခဲတဲ့ဆေးတွေဆို စမ်းလေ့မရှိပေမယ့် ထိုးလိုက်တော့မှ ဓာတ်မတည့်တာ ပေါ်လာတာမျိုး၊ သောက်ဆေးတွေကျ ကြိုစမ်းဖို့ မလွယ်တော့ သောက်ပြီးမှ ဓာတ်မတည့်တာ ပေါ်လာတာမျိုးတွေတော့ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။အဲ့ဒါမျိုးက တချို့တွေ အလွယ်ပြောသလို ဆေးထိုးမှားတာ မဟုတ်ပါဘူး။ ဆေးဓာတ်မတည့်တာပါ။

ပြီးတော့ ဓာတ်မတည့်တာ ဖြစ်တတ်တဲ့သူတွေ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်တာ၊ တိုင်းရင်းဆေးတွေ သောက်တာ မလုပ်သင့်ပါဘူး။ ကိုယ်နဲ့ မတည့်တဲ့ ဆေးမျိုးတွေကို တူမှန်းမသိဘဲ သောက်မိတာဖြစ်တတ်လို့ပါ။ အဲ့ဒါကြောင့် ကျွမ်းကျင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဆရာဝန် ဆရာမတွေနဲ့ပဲ ပြသသင့်ပါတယ်။

ဓာတ်မတည့်တာက လူတိုင်းမှာ ဖြစ်နိုင်တာဖြစ်တဲ့အတွက် ဆေးတခုခု အစားတခုခု စားပြီးတာမျိုးပဲဖြစ်ဖြစ် တခုခုနဲ့ ထိတွေ့မိတာမျိုးပဲ ဖြစ်ဖြစ်မှာ အပေါ်မှာ ပြောခဲ့သလို အရေပြားတွေ ယားလာတာ၊ အင်ပြင်တွေ ထွက်လာတာ စတဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ရှိလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ သေချာပြသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

ဒေါက်တာကျော်(ဆေးပညာ) ရေးသားတင်ပြပါသည်။

Leave a Reply

Share:

Latest Posts:

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone

Acetylcysteine

ချောင်းဆိုး ချွဲကြပ်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ တချို့ ဆေးလွန်ခြင်း (Overdose) များအတွက် ဖြေဆေးအဖြစ်လည်း အသုံးပြုသည်။ ဆေးလွန်ခြင်း (Overdose) များသည် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအချက်များသည် ချောင်းဆိုး ချွဲကြပ်ခြင်းအတွက် အသုံးပြုရန်သာ လမ်းညွှန်ဖော်ပြထားပါသည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏