Search
Search
Search

Acetylcysteine

ချောင်းဆိုး ချွဲကြပ်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ တချို့ ဆေးလွန်ခြင်း (Overdose) များအတွက် ဖြေဆေးအဖြစ်လည်း အသုံးပြုသည်။ ဆေးလွန်ခြင်း (Overdose) များသည် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအချက်များသည် ချောင်းဆိုး ချွဲကြပ်ခြင်းအတွက် အသုံးပြုရန်သာ လမ်းညွှန်ဖော်ပြထားပါသည်။

အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။

သောက်သုံးနိုင်သည့် ပမာဏ

လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ

  • ၂၀၀ မီလီဂရမ် (200 mg) ဆေးကို တစ်နေ့ ၃ ကြိမ်ထိ သောက်သုံးနိုင်ပါသည်။ 600 mg ပါသောဆေးဖြစ်ပါက တစ်နေ့တစ်ကြိမ်သောက်နိုင်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်ပေါ်မူတည်ပြီး ပိုမိုသောက်သုံးနိုင်သည်။

ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ

  • အသက် ၂နှစ်မှ ၆ နှစ်ထိ 100mg  တစ်နေ့ ၃ ကြိမ်၊ အသက် ၆-၁၂ နှစ်ထိ 200 mg တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်
  • ကလေးများအတွက် အရည်နှင့် လာပါက အရည်တွင် ပါသော ပမာဏပေါ်မူတည်၍ တိုက်ရမည်ဖြစ်ရာ ဆရာဝန်နှင့် တိုင်ပင်ပေးပါ။

အစာနှင့် သောက်သုံးရန်လို/မလို

အစာစားပြီးသောက်သုံးသင့်ပါသည်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွင် သောက်သုံး၍ ရ/မရ

ရပါသည်။

ဘေးထွက်ဆိုးကျိုးများ

ရင်ကြပ်ခြင်း၊ ပျို့အန်ခြင်း

ဆေးကို မသောက်သင့်သူများ

ရင်ကြပ်အရမ်းဆိုးနေချိန်တွင် တချို့လူနာများတွင် ရင်ကြပ်ခြင်းပိုဆိုးတတ်ပါသည်။ ဆေးနှင့် ဓာတ်မတည့်ခြင်းဖြစ်ဖူးသူများလည်း မသောက်သင့်ပါ။

Leave a Reply

Share:

Latest Posts:

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone

Cetrizine

အအေးမိနှာစေးခြင်း၊ ဓာတ်မတည့်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ

Ibuprofen

အကိုက်အခဲပျောက်ဆေးအဖြစ် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆေးကို လျှော့ပြီး သောက်သုံးရမည်ဖြစ်ရာ

Paracetamol/Acetaminophen

ကိုက်ခဲခြင်း၊ ဖျားနာခြင်းများအတွက် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရပါမည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရပါမည်။