Search
Search
Search

နာတာရှည်ခါးနာခြင်း

⚫ နာတာရှည်ခါးနာခြင်း အကြောင်း သိကောင်းစရာ ⚫
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

    ခါးနာခြင်းသည် နေ့စဉ် လူနေမှု ဘဝတွင် အဖြစ် အများဆုံးသော ရောဂါလက္ခဏာများ ထဲမှာ တစ်ခု ဖြစ်ပါသည်။ 

    ခါးနာခြင်းသည် အသက်အရွယ်  မရွေးဖြစ်နိုင်သော်လည်း အဖြစ်အများဆုံး အသက်အုပ်စုမှာ " ၃၅ မှ ၅၅  နှစ်ကြား " ဖြစ်ပါသည်။ 

    ခါးနာခြင်းတွင် ဖြစ်စေသော အကြောင်းအရင်းများစွာရှိပြီး 

????????‍♂️ Mechanical Pain ကြောင့် ခါးနာခြင်းများသည် ရက်ပိုင်းအတွင်း သက်သာသွားပြီး
????????‍♂️ တချို့သော ခါးနာခြင်းများသည် အန္တရာယ်ရှိသော ခါးနာခြင်းများဖြစ်သောကြောင့်

   ရက်ပိုင်းနှင့် မသက်သာပဲ ဖြစ်နေလျှင် ခါးနာခြင်းအား တတ်ကျွမ်းသော အရိုးအထူးကု သမားတော်  များနှင့် ထိထိရောက်ရောက် ကုသဖို့ လိုအပ်ပါသည်။

    ခါးနာခြင်းအား  ကုသရာတွင်လည်း ခါးနာခြင်း အမျိုးအစား အမျိုးမျိုးမှ 

*** မိမိဖြစ်သော ခါးနာခြင်းအား တိတိကျကျ သိရှိနိုင်မှသာ ထိထိရောက်ရောက်ကုသနိုင် မည်ဖြစ်ပါသည်။

     အဖြစ်များသော ခါးနာခြင်းများနှင့် အရေးကြီးသော  ခါးနာခြင်းများအား ဗဟုသုတ အနေဖြင့် ရေးသားမျှဝေပါရစေ .... 

      ခါးနာခြင်းသည် -

????ကျောရိုးဆစ်များရှိ အရိုးပြဿနာ သို့မဟုတ်
????ကျောရိုးဆစ်များကြားရှိ အရိုးနုပြားပြဿနာ ၊
????ခါးပတ်လည်ရှိ ကြွက်သားများ၊ အရွတ်များနှင့် ကျောရိုးဆစ်များ အလယ်မှ ဖြတ်သန်းသွားလာသော ပင်မအာရုံကြော နှင့် အာရုံကြော ငယ်များကြောင့်
အဓိက ဖြစ်လေ့ရှိပါသည်။

       သို့သော်လည်း  တစ်ခါတစ်ရံ ခါးနာခြင်းသည် ကျောရိုးကြောင့်မဟုတ်ပဲ အခြားသော ကိုယ်တွင်း  ကလီစာ ရောဂါများ 

ဥပမာ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊
သွေးလွှတ်ကြောမကြီး ဖောင်းခြင်း တို့
ကြောင့် လည်း ခါးနာ ခြင်း ခံစားရတတ်ပါသည်။

       ထိုကဲ့သို့ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများကြောင့်  ခါးနာခြင်းဖြစ်ပါက သာမန်ခါးနာခြင်းမျိုးနှင့် မတူပဲ တော်ရုံနှင့်  မသက်သာခြင်းများဖြစ်တတ်ပါသည်။

       ထို့ကြောင့် ခါးနာခြင်းသည် အမြဲတမ်း  သမရိုးကျ အရိုးကျီးပေါင်းကြောင့် ဖြစ်သည်ဟု သဘောမထားပဲ အခြားသော  အကြောင်းအရာများ၊ ရောဂါများကြောင့် ခါးနာခြင်းဖြစ်နိုင်သည် ကို  သတိထားရပါမည်။ 

????‍⚕️ သတိထားရမည့် ခါးနာခြင်းများမှာကို အောက်ပါအတိုင်းဖော်ပြလိုက်ပါရစေ ….

၁။ အသက် ၂၀ နှစ်အောက် ခါးနာခြင်းနှင့် အသက် ၅၅ နှစ်အထက် တွင် ခါးနာခြင်း

၂။ ရုတ်တရက် ခါးနာခြင်းဖြစ်ပေါ်ခြင်း

၃။ နားလိုက်လျှင် မသက်သာပဲ ပိုပို ဆိုးလာခြင်း

၄။ လှဲလှောင်းနေချိန်တွင် ပိုနာခြင်း

၅။ ညဘက်တွင် ခါးနာ၍ အိပ်မရခြင်း

၆။ မနက်မိုးလင်းလင်းခြင်း ခါးရိုးဆစ်များတောင့်တင်းနေပြီး အနည်းငယ် လှုပ်ရှားသည့်အခါ မှ သက်သာလာခြင်း

၇။ ခါးမှ နာကျင်မှုသည် ခြေထောက်နှစ်ချောင်းဆီသို့ ပြန့်သွားခြင်း

၈။ ခြေထောက်များပျော့ခွေ၍ လမ်းမလျောက်နိုင်ခြင်း

၉။ ဆီးဝမ်း မထိန်းနိုင်ခြင်း

၁၀။ ကိုယ်အပူချိန်တက်ခြင်း

၁၁။ Steroid ဟုခေါ်သော ဆေးများရေရှည် စွဲသောက်နေရခြင်း

၁၂။ လမ်းလျောက်လျှင် ခြေထောက်ကြွက်သားများ ကိုက်ခဲခြင်း

၁၃။ ခန္ဓာကိုယ် အလေးချိန် လျော့ကျသွားခြင်း

     အထက်ပါ လက္ခဏာ တစ်ခုခု တွေ့ရှိပါက မိမိ၏ ခါးနာခြင်းကို ပေါ့လျော့မနေဘဲ အလျင်အမြန် အရိုး အထူးကု သမားတော်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

     ခါးနာခြင်းကို ဖြစ်စေသော ခါးနာရောဂါ အများအပြားရှိသည့်အနက် အဖြစ်များသော  ခါးနာခြင်းများနှင့် အကြောင်းအရင်းကို 

အနည်းငယ် ပြောပြပါရစေ …

1️⃣ ဒဏ်ကြောင့် ဖြစ်သောခါးနာခြင်း

  ခါးနာခြင်းအများစုမှာ ဒဏ်ကြောင့်ဖြစ်သော ခါးနာခြင်းများဖြစ်ပါသည်။  

????????‍♂️ အလေးမခြင်း၊ ကြာရှည် မတ်တပ်ရပ်ခြင်း၊
အနေအထားမမှန်သော ခါး၏ လှုပ်ရှားမှုကိုဆောင်ရွက်လိုက်ခြင်း
တို့ကြောင့် အရိုးနှင့် ကြွက်သားများ ဒဏ်ဖြစ်သွားပြီး နာကျင်နေတတ်ပါသည်။
ဝသော သူများတွင် လည်း မိမိ ခန္ဓာကိုယ် အလေးချိန်ကို ခါးက ထိန်းပေးထားရသဖြင့် ကြာလျှင် ဒဏ်ဖြစ်ပြီး ခါးနာ တတ်ပါသည်။
အထူးသဖြင့် လှေကား အတက်အဆင်းတွင် ပိုမိုနာကျင်တတ်ပါသည်။

????‍⚕️ခါးကို အနားပေးခြင်း ၊
ဒဏ်ကြေဆေးများလိမ်းခြင်းဖြင့်
ရက် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိသော်လည်း

   တစ်ခါတစ်ရံ မိမိ မထင်မှတ်ထားပဲ အရိုးအတက်များ  ကျိုးသွားခြင်း၊ အာရုံကြောများပိ ခြင်း ဖြစ်ခဲ့လျှင် ဓာတ်မှန် ရိုက်၍  ဆေးကုမှု ခံယူသင့်ပါသည်။

2️⃣ ခါးရိုးကျီးပေါင်း

    အသက်ကြီးလာသည်နှင့် အမျှ ခါးရိုးအဆစ်ကလေးများတွင်  လည်ပင်းကျီးပေါင်းကဲ့သို့ အရိုးအတက်လေးများ ထွက်လာ တတ်ပါသည်။  

     ထိုအရိုးအတက်လေးများသည် ဘေးရှိကြွက်သားများ အာရုံကြောများအား ဖိရာမှ  ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်။ 

      ပိုမို ဆိုးလာသည့်အဆင့်တွင်မူ အဆင့်ဆင့်  ထပ်ထားသော ခါးဆစ်ငယ်များ ပိခြင်းဖြစ်ပေါ်တတ်ပြီး ခါးနာခြင်း ဝေဒနာကို  ပိုမိုဆိုးရွားစွာ ခံစားရတတ်ပါသည်။ 

      ထို့ကြောင့် ခါးရိုးကျီးပေါင်း ကြောင်း  ခါးနာခြင်းဖြစ်သော လူနာများတွင် ဓာတ်မှန်ရိုက်ကြည့်ပါက ကျီးပေါင်း  အရိုးအတက်များ မည်မျှ ဆိုးဆိုးရွားရွား ထွက်နေသည်အား တွေ့ရှိနိုင်ပြီး ထို  အရိုးကျီးပေါင်း အခြေအနေ အပေါ်မူတည်၍ ကုသမှု ပေးရခြင်းဖြစ်ပါသည်။

3️⃣ ခါးအရိုးနုပြား ကျွံခြင်း

       ကျောရိုး၏ဖွဲ့စည်း ပုံမှာ အရိုးအဆစ်များ ကြားတွင် အဆင့်ဆင့် ထပ်ထားပြီး  အရိုးအဆစ်များကြားတွင် အရိုးနုပြားများ ရှိပါသည်။ 
       အရိုးအဆစ်များ၏ အလယ်တွင်  ဦးနှောက်မှ ခြေထောက်သို့သွားသော အာရုံကြောမကြီး ဖြတ်သန်းနေပြီး  ထိုအာရုံကြောမကြီးကို ခါးရိုးအဆစ်များ ကြွက်သားများ အရွတ်များဖြင့် အထပ်ထပ်  ကာကွယ်ပေးထားပါသည်။ 
        အရိုးနုပြားများ၏ တာဝန်မှာ မတော်တဆဖြစ်ခြင်းကို  ကာကွယ်ပေးနိုင်ပြီး ကျောရိုးမကို ပျော့ပြောင်းစွာ လှည့်စေနိုင်သည်။  
        တစ်ခါတစ်ရံ ထိုအရိုးနုပြားသည် ကျောရိုးမ အတွင်းသို့ ကျွံဝင်သွားလျှင်  ခါးနာခြင်းဖြစ်တတ်ပါသည်။ 
        အရိုးနုပြား ကျွံဝင်ခြင်းသည် သတိထားရမည့်  ခါးနာခြင်းမျိုးဖြစ်ပါသည်။ 

         အဘယ့်ကြောင့်ဆိုသော် အကျိုးဆက်မှာ  အာရုံကြောငယ်များပိခြင်းကြောင့် လူနာများသည် အများအားဖြင့်  ခြေထောက်တစ်လျှောက်နာကျင်ခြင်းကို သိသာစွာ ခံစားရတတ်ပြီး တစ်ခါတစ်ရံ  ခြေသလုံး ခြေဖဝါး အထိပါ နာကျင်တတ်ပါသည်။ 
         နာကျင်ပုံမှာ ပင်အပ်ဖြင့်  အထိုးခံရသကဲ့သို့ စူးခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် တင်ပါးခွက်၊  ခြေထောက်နှင့် ခြေဖဝါးအားနည်းခြင်းကို ဖြစ်စေတတ်ပါသည်။ 
         အဆိုးဆုံးအနေဖြင့်  ခါးဆစ်ရိုးအတွင်း ဖြတ်သန်းသွားနေသော အာရုံကြောမကြီးကို ထိမိပါက  အောက်ပိုင်းသေခြင်း ဖြစ်တတ်ပါသည်။ 
         အရိုးနုပြား ကျွံသော လူနာများတွင်  ဓာတ်မှန်ရိုက်ကြည့်ပါက အဆစ်များသည် ပုံမှန်အကွာအဝေး 
ရှိရမည့် အစား  အရိုးနုကျွံသော အဆစ်တွင် အဆစ် တစ်ခုနှင့် တစ်ခုနီးကပ်စွာရှိနေမည်ဖြစ်ပါသည်။

4️⃣ အရိုးပွရောဂါနှင့် ခါးနာခြင်း

         အသက် ၅၀ ကျော် သွေးဆုံးပြီးသော အမျိုးသမီးများ Steroid ရေရှည်  စွဲသောက်နေရသော ပန်းနာရင်ကြပ်ရောဂါ၊ လေးဘက်နာရောဂါ၊ အစရှိသူများတွင်  အဖြစ်များလေ့ရှိသော အရိုးပွခြင်းသည် သာမန်အားဖြင့် နာကျင်ခြင်းကို  မပေးသော်လည်း အရိုးပွခြင်းကြောင့် အရိုး ပိကျိုးခြင်း ဖြစ်သွားချိန်တွင်  ခါးနာခြင်းကို စတင်ခံစားရပါသည်။ 

         မိမိ ခါးရိုးပွနေ၊ ကျိုးနေခြင်းကို  ဓာတ်မှန်ပေါ်တွင် ထင်ရှားစွား တွေ့ရတတ်ပြီး အာရုံကြောမများပိခြင်း၊  ဆီးမထိန်းနိုင်ခြင်းတို့ ဖြစ်ပေါ်ပါက အရေးပေါ်ခွဲစိတ်မှုအားခံယူသင့်ပါသည်။  

         အရိုးပိကျိုးခြင်းကို ကြိုတင် ကာကွယ်သည့်အနေဖြင့် အရိုးပွရောဂါ  ကာကွယ်ပေးသော အရိုးအားဆေးများအား အရိုးအထူးကု သမားတော်နှင့်  ဆွေးနွေးတိုင်ပင်၍ ကြိုတင်သောက်သုံးသင့် ပါသည်။

????အသက်အန္တရာယ်နီးသော ခါးနာခြင်းများ????
~~~~~~~

          ခါးနာခြင်းသည် ပေါ့ဆ၍ ရသော ရောဂါမဟုတ်ပါ။ 

????????‍♂️ ဆီးကျိတ်ကင်ဆာနှင့် အခြားသော ကိုယ်တွင်းကလီစာ ကင်ဆာများမှလည်း ကင်ဆာဆဲလ်များ ခါးရိုးသို့ ပြန့်နှံ့ပြီး ခါးနာသည့် လက္ခဏာနှင့် စတင်သိရှိသည့် သာဓကများ ရှိပါသည်။
????????‍♂️TB ဖြစ်ဖူးသူများ၊ TB ဆေးသောက်သုံးဖူးသူများ၊ TB လက္ခဏာရှိသူများ၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ပိန်သွားခြင်း သည် လည်း ခါးနာလျှင် သတိထားသင့်ပါသည်။
TB ရောဂါပိုးသည် အရိုးတွင် ဖြစ်ပေါ်တတ်ပြီး အရိုးကို လှိုက်စား ဖျက်ဆီးတတ်ပါသည်။
????????‍♂️TB ရောဂါကဲ့သို့ အလားတူအခြားသော Bacteria ပိုးများသည် လည်း ခါးရိုးဆစ်သို့ ပျံ့နှံ့ တတ်ပြီး အလားတူ လှိုက်စား ဖျက်ဆီးတတ်ပါသည်။

      ထို့ကြောင့် ဖြစ်နိုင်လျှင် ခါးနာခြင်းကို ဆိုးဆိုးရွားရွား ခံစားရပါက  မပေါ့လျော့သင့်ပဲ တတ်ကျွမ်းသော အရိုးအထူးကုသမားတော်နှင့် ပြသသင့်ပါသည်။
      ခါး  ဓာတ်မှန်ရိုက်ခြင်း (X Ray) သည် ခါးနာ ရောဂါ အတော်များများ အား  သိသာမြင်သာ 
အောင် ခွဲခြားပေးနိုင်သောကြောင့် လိုအပ်ပါက 

ဓာတ်မှန်ရိုက်ပြီး ခါးနာခြင်းဖြစ်စေသော အကြောင်းအရင်းအား ရှာဖွေပြီး ခါးနာခြင်းအား ထိထိရောက်ရောက် ကုသသင့်ပါကြောင်း ..

အများ သက်ရှည် , ကျန်းမာ , စိတ်ချမ်းသာစေရန် ရည်ရွယ်၍ မေတ္တာဖြင့် မျှဝေအပ်ပါသည် ….

❤️❤️ လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ပေးခြင်ဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပါပြီ။

❤️❤️❤️ မိတ်ဆွေအားလုံး
ကိုယ်၏ကျန်းမာခြင်း , စိတ်၏ကျန်းမာခြင်း နှင့်
ပြည့်စုံကြပါစေ …

မေတ္တာဖြင့် ,

ဒေါက်တာဇီဝက

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊