Search
Search
Search

အိမ််ပင့် ဆရာဝန် ဝန်ဆောင်မှု

အိမ်ပင့်ဝန်ဆောင်မှုတွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက လာရောက်ကြည့်ရှုပေးမည်ဖြစ်ပြီး လိုအပ်ပါက လာကြည့်ပေးသူ ဆရာနှင့် အထူးကုဆရာဝန်တို့ ထပ်မံတိုင်ပင်ကာ ကုသမှုပေးမည်ဖြစ်ပါသည်။

ဆရာဝန်လာရောက်ကြည့်ရှုကုသခ စုစုပေါင်း ၃၀,၀၀၀ ကျပ် (လူနာ တစ်ဦးအတွက် တစ်ကြိမ်စာ) + ခရီးစရိတ်ကျ သင့်ပါမည်။ ဆရာဝန် ယူဆောင်လာသော ဆေးဝါးပစ္စည်းများထဲမှ အသုံးပြုရပါက ထိုဆေးဝါးပစ္စည်းဖိုး ထပ်မံရှင်းပေးရပါမည်။

လာရောက်ကြည့်ရှုသည့် ဆရာဝန်ထံတွင် အရေးပေါ်ဆေးများ ယူဆောင်လာမည်ဖြစ်ပြီး ထပ်မံလိုအပ်သောဆေးများ ဝယ်ယူခြင်း၊ အောက်စီဂျင်ရှာခြင်း၊ လိုအပ်ပါက ဓာတ်ခွဲခန်းသွေးဖောက်ခြင်း၊ ဆေးရုံတက်ရန် စီစဉ်ခြင်းများကို လူနာရှင်မှ စီစဉ်ရပါမည်။

09266327418 သို့လူနာ အမည်၊ အသက်၊ လိပ်စာ၊ ပြသလိုသောအကြောင်းအရာများ ပြောပြီး စာရင်းပေးသွင်းနိုင်ပါသည်။

Leave a Reply

Share:

Latest Posts:

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone

Acetylcysteine

ချောင်းဆိုး ချွဲကြပ်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ တချို့ ဆေးလွန်ခြင်း (Overdose) များအတွက် ဖြေဆေးအဖြစ်လည်း အသုံးပြုသည်။ ဆေးလွန်ခြင်း (Overdose) များသည် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအချက်များသည် ချောင်းဆိုး ချွဲကြပ်ခြင်းအတွက် အသုံးပြုရန်သာ လမ်းညွှန်ဖော်ပြထားပါသည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏

Cetrizine

အအေးမိနှာစေးခြင်း၊ ဓာတ်မတည့်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ