*** အသည်းနာအောင် မလုပ်ကြပါနဲ့ ***
—————————–
????⚕️ မိတ်ဆွေတို့ …….
ကိုယ့်ကို ကိုယ် ဘယ်တော့မှ အသည်းနာအောင် မလုပ်ပါနဲ့ ....
အသည်းမနာအောင် ကျနော်တို့ မှာသင့်တာ မှာပါရစေ ....
????⚕️ ကဲ ….. မိတ်ဆွေ
- အပြင်စာ ဆီကြော်မုန့် တွေ မစားပါနဲ့ ….
- ကျန်းမာရေးနဲ့ မသင့်တော်တဲ့ ဟင်းချက်ဆီတွေကို ရှောင်ပါ။
- ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းချက်ဆီကိုတောင် လျှော့စားပါ။
- အရမ်းပင်ပန်းနေတဲ့အချိန်မှာ ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။
- ဘာဟင်းပဲ ချက်ချက် အချိုမှုန့် လုံးဝ မသုံးပါနဲ့
- အချိုမှုန့် ပါနိုင်တဲ့ အပြင်စာတွေ ရှောင်ပါ
- အိပ်ရာ၀င်နောက်မကျပါနဲ့။
အိပ်ယာထ နောက်မကျပါနဲ့။
တစ်နေ့ကို အနည်းဆုံး ၄ နာရီခွဲ အိပ်ပါ
( အသက်အရွယ်အပေါ် တော့ မူတည်ပါတယ် ) - အိပ်တဲ့အချိန်ထဲမှာ
( အသည်း က သူ့ဖာသာ သူ ပြန်ပြုပြင်တဲ့ အချိန် )
ည ၁၁:၀၀ မှ မနက် ၂:၀၀ မဖြစ်မနေ ပါပါစေ … - အိပ်မပျော်တောင် လူရော/စိတ်ရော မပင်ပန်းစေပါနဲ့။
- မနက်အိပ်ယာနိုးတာနဲ့ ဆီးသွားပါ။
- မနက်စာကို စားဖြစ်အောင်စားပါ။
- ကိုယ်အလေးချိန် အဝမလွန်အောင် အစား အရမ်းမပုတ်ပါနဲ့ ????
- ရေများများသောက်ပါ
(တစ်နေ့ကို အနည်းဆုံး ရေ 2.5 Litres သောက်ပါ) - အဆီအဆိမ့်များတဲ့ အစားအစာတွေ မစားပါနဲ့
- အသားငါးတွေကို အစိမ်းမစားပါနဲ့။
- ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊
- အရောင်ဆိုးထားတဲ့ အစားအစာတွေ၊
- Ready Made အစားအစာတွေ
- သဘာ၀ မဟုတ်တဲ့ အချိုတွေ မစားပါနဲ့။
- မှိုတက်နေသော ရက်လွန် / ရက်နီး အစားအစာတွေ ရှောင်ပါ …
- အရက်တွေ , ဘီယာတွေ အများကြီး မသောက်ပါနဲ့။
( မသောက်လေ ကောင်းလေ ပါ ) - မူးယစ်ဆေး လုံးဝ မသုံးပါနဲ့
- မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးတွေ , အားဆေးတွေ , တိုင်းရင်းဆေးတွေ ကို ဆရာဝန် ညွှန်ကြားချက်မရှိဘဲ မသောက်ပါနဲ့။
- ဟင်းသီးဟင်းရွက်တွေကို ဆားရည် နဲ့ ဆားရည် နဲ့ ၃၀ မိနစ်လောက် စိမ်ပြီး ရေနိုင်နိုင် ပြန်ဆေးပြီးမှ ချက်ပြုတ်စားသောက်ပါ …
- ဟင်းသီးဟင်းရွက်ကြော်တွေကို တစ်နေ့ပဲစားပါ။
မကုန်ရင် သွန်ပစ်လိုက်ပါ။ - စိတိဖိစီးမှု လျှော့ပါ
( ဘဝမှာ – စိတ်ဖိစီးနေလို့လည်း ဘာမှ မထူးဘူး ) - ပရုတ်ပါတဲ့ ရှုဆေး , လိမ်းဆေးတွေ , အနံ့ခဲတွေ တတ်နိုင်သလောက် ရှောင်ပါ …
- သင့်လျော်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ …
ဒါတွေ ရှောင်သင့်တာရှောင်ပြီး လိုက်နာသင့်တာ လိုက်နာပါ ...
????⚕️ မိတ်ဆွေ …..
ခင်ဗျားတို့ရဲ့ အသည်းလေး နာသွားမှာ စိုးလို့ပါ။
အပေါ်က အချက်တွေကို မလိုက်နာရင် အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
အသည်း ဆိုတာ ခန္ဓာကိုယ် အတွက် အဆိပ်အတောက်တွေကို ချေဖျက်ပေးခြင်း အပါအဝင် လုပ်ငန်းပေါင်း ၁၀၀ ကျော် ရှိသော , ခန္ဓာကိုယ်အတွက် လွန်စွာအရေးကြီးသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ် .....
သင့် ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ မ၀င်စေဖို့နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ မကောင်းတဲ့ Lifestyle ရှိခဲ့ရင် ပြောင်းလဲပစ်ရင်း
အသည်းမနာအောင် ဂရုစိုက်ကြပါစို့.....
????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???? ကျန်းမာရေး နှင့် ပတ်သက်၍ အသိပညာ , ဗဟုသုတများကို စဉ်ဆက်မပြတ် မျှဝေပေးသွားမည် ဖြစ်ပါ၍ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်
မေတ္တာဖြင့် ,
ဒေါက်တာ ဇီဝက