Search
Search
Search

အထူးကုနှင့် Viber တွင် တိုင်ပင်ဆွေးနွေးခြင်း

သမားတော်နှင့် ဆွေးနွေးရန် 09266327418 သို့ လူနာ အမည်၊ အသက်၊ ဆွေးနွေးလိုသောလက္ခဏာတို့ကို ပြောပြပြီး Booking ယူပေးရန်လိုအပ်ပါသည်။ Video call နှင့် ဆွေးနွေးရမည်ဖြစ်ပြီး အထူးကုသမားတော်၊ ကလေးအထူးကု၊ သားဖွားနှင့် မီးယပ် အထူးကု၊ အရေပြားအထူးကုတို့နှင့် သိလိုသည်များကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးချိန် မိနစ် ၃၀ ခန့် ရရှိမည်ဖြစ်ပြီး မိမိစစ်ဆေးထားသော သွေးအဖြေများ ဆေးမှတ်တမ်းများနှင့်လည်း သိရှိလိုသည်များကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

သမားတော်နှင့်ဆွေးနွေးခကို ပေးသွင်းရန် KBZ pay, KBZ mobile banking, AYA pay, AYA mobile banking နည်းလမ်းတစ်ခုခုကို ရွေးချယ်ထားပေးရပါမည်။

လူနာတစ်ဦးအတွက် သမားတော်နှင့် တစ်ကြိမ် ဆွေးနွေးခ ၁၃,၀၀၀ ကျပ် ကျသင့်ပါသည်။ သမားတော်နှင့်​ဆွေးနွေးရန် Booking အချိန်ရရှိမှသာ ငွေလွှဲပေးရန်လိုအပ်ပါသည်။

ဆွေးနွေးခပေးပို့ပြီးသည့် တစ်ရက်အတွင်း ထပ်မံသိလိုသည်များကို ယခု Viber သို့ Message ပို့ထားပြီး ထပ်မံပေးဆောင်စရာ မလိုဘဲ မေးမြန်းနိုင်ပါသည်။ ဆရာကတတ်နိုင်သရွေ့ဆောလျင်စွာဖြေကြားပေးပါမည်။
နောက်ရက်များ ဆက်လက်ပြသရန် လိုပါက တစ်ရက် ၁၃,၀၀၀ နှုန်း ဆက်လက် ပေးသွင်းရပါမည်။

သမားတော်မှ လူနာအတွက် လိုအပ်သည့်ကုသမှုများကို ညွှန်ကြားပေးမှာ ဖြစ်ပါသည်။ ဆေးကို လူနာရှင်အစီအစဉ်ဖြင့် ဝယ်ယူရန်ဖြစ်ပြီး ဆေးမှန်မမှန်ကို ပြန်လည် စစ်ဆေးပေးနိုင်ပါသည်။ ဆေးထိုးကုသရန်လိုအပ်ပါက သမားတော်က ညွှန်ကြားပေးပါမည်။ ဆေးများကို ထိုးရန်၊ အောက်စီဂျင်ရှာရန်၊ ဆေးရုံလိုအပ်က တက်ရန်များကို လူနာရှင်အစီအစဉ်ဖြင့်သာ စီစဉ်ရပါမည်။

Booking ဖြင့်ပြသရမည် ဖြစ်သောကြောင့် အရေးပေါ် ပြသရန် ဝန်ဆောင်မှု မဟုတ်ပါခင်ဗျာ။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊