ဝမ်းပျက်ဝမ်းလျှောဖြစ်စေသော အကြောင်းရင်းများ
- အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပိုးတစ်ခုခုဝင်ခြင်း
- အစာလမ်းကြောင်းတွင် အစာစုပ်ယူမှုအားနည်းသော ရောဂါများရှိခြင်း (ဉပမာ မုန့်ချိုအိတ်ရောင်ခြင်း)
- ဆေးများကြောင့် ဝမ်းလျှောခြင်း
- တစ်ခါတစ်ရံ အစာအိမ် အူလမ်းကြောင်း ပြဿနာမဟုတ်ဘဲ နှလုံးသွေးကြောပိတ်ခြင်း၊ ဝမ်းဗိုက်တွင်းသွေးယိုခြင်း၊ သွေးတွင်းပိုးဆိပ်သင့်ခြင်း စသည့် တခြားအင်္ဂါအစိတ်အပိုင်းပြဿနာများကြောင့်လည်း ဖြစ်တတ်ပါသည်။
အောက်ပါအချက်များရှိမရှိဖြေပေးပါ။ အချက်ရှိမရှိပေါ်မူတည်ပြီး အောက်ရှိအနီရောင်စာသားများအပေါ်နှိပ်၍ ဆက်ဖတ်ပါ။
- ၄၈ နာရီကျော်သည်အထိ ဝမ်းလျှော မသက်သာခြင်း
- အဆက်မပြတ်ကို ဝမ်းသွားနေခြင်း၊ ပမာဏအလွန်များခြင်း
- ဆီးသွားနည်းလာခြင်း
- အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် ပိုတက်ခြင်း
- ဝမ်းတွင် သွေးပါခြင်း (သို့) ဝမ်းအမည်းသွားခြင်း
- အာခေါင်ခြောက်ခြင်း၊ ရေအလွန်အမင်းငတ်ခြင်း
- မှိန်းသွားခြင်း
- မျက်ကွင်းများ ချိုင့်လာခြင်း
- ဗိုက်အလွန်အမင်းနာခြင်း (ဝမ်းသွားခါနီးတွင် ဗိုက်ရစ်နာခြင်းသည် ဝမ်းလျှောချိန်တွင် ဖြစ်လေ့ရှိသော်လည်း ထိုသို့မကဘဲ တောက်လျှောက်နာနေခြင်း (သို့) မခံမရပ်နိုင်အောင်နာပါက)
- အလွန်အမင်းအန်ခြင်း၊ ဓာတ်ဆားမဝင်ခြင်း
- ခုခံအားကျဆင်းသည့် ရောဂါတစ်ခုခု ရှိခြင်း
- နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် တခြား ရောဂါအခံရှိသူများ၊ သွေးတိုးဆီးချို မထိန်းနိုင်သူများ။ အဝလွန်သူများ
- သွေးပေါင်ကျလာခြင်း၊ ခြေဖျားလက်ဖျားများအေးစက်လာခြင်း
- အသားဝါခြင်း၊ မောလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးချွဲကြပ်ဖြစ်နေခြင်းစသည့် တခြား ခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ ပြဿနာများနှင့် တွဲဖြစ်နေခြင်း