Search
Search
Search

ရာသီလာနေတုန်း အတူနေရင် ကလေးရနိုင်သလား

အမေးများတဲ့ မေးခွန်းတစ်ခုပါ။ အမေးအဖြေလေးတွေမှာ မကြာခဏလာမေးတတ်ကြလို့ ဒီမှာ ဖြေပေးလိုက်တာပါ။

ယေဘုယျအားဖြင့် ဖြေရရင်တော့ ကလေးရဖို့ အလားအလာ နည်းတယ်လို့ ဖြေပါရစေ။ ဒါပေမယ့် အောက်ကအချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

  1. မိန်းကလေးရဲ့ ရာသီစက််ဝန်းရက်ပေါ်မူတည်ပါတယ်။ တကယ်လို့ မိန်းကလေးက ရာသီစက်ဝန်းတိုတဲ့သူ ဆိုရင်တော့ ရာသီလာချိန်မှာ အကာအကွယ်မသုံးဘဲအတူနေထားရင် ကလေးရတတ်ပါသေးတယ်။
    မိန်းကလေးတစ်ယောက်ရဲ့ ရာသီစက်ဝန်းက ပျမ်းမျှကတော့ ၂၈ ရက်တစ်ခါ ရာသီလာလေ့ရှိကြပါတယ်။ ၂၈ ရက် တစ်ခါ ရာသီလာတဲ့ သူမှာ ရာသီစလာတဲ့ ရက်ကနေ ၁၄ ရက်မြောက်မှာ မျိုးဥကြွေလေ့ရှိပါတယ်။ အဲ့လို မျိုးဥကြွေတဲ့ အချိန်ဝန်းကျင်မှာ ကလေးရတတ်တာပါ။ မိန်းကလေးရဲ့ ရာသီစက်ဝန်းက ပုံမှန်အားဖြင့်ကို ၂၁ ရက်ကနေ ၃၅ ရက်ကြားရှိတတ်ပါတယ်။ အမျိုးသားရဲ့ သုက်ပိုးက မိန်းကလေး ခန္ဓာကိုယ်ထဲ ၇ ရက်လောက်ထိ အသက်ရှင်နိုင်လို့ပါ။ တကယ်လို့ ဥပမာအားဖြင့် မိန်းကလေးရဲ့ ရာသီစက်ဝန်းက ၂၂ ရက်ပဲ ရှိတယ်ဆိုပါတော့။ အဲ့ဒါဆို သူ့မျိုးဥက ရာသီစလာတဲ့ ရက်ကနေ ၈ ရက်မြောက်လောက်ဆို ကြွေပါပြီ။ အဲ့ အချိန် ရာသီလာနေတုန်းက အတူနေထားတဲ့ အမျိုးသားရဲ့ သုက်ပိုးလေးတွေက ရှိနေဦးမယ်ဆို ကလေးရသွားနိုင်ပါတယ်။
  2. ရာသီလာတာအစစ်မဟုတ်ခဲ့ရင်
    မိန်းကလေးတွေမှာ သွေးဆင်းတိုင်း ရာသီသွေးဟုတ်ချင်မှ ဟုတ်တာပါ။ ရာသီမဟုတ်ဘဲ ရာသီစက်ဝန်းကြားထဲမှာလည်း သွေးဆင်းတတ်ပါတယ်။ မျိုးဥကြွေတဲ့အချိန်မှာ သွေးနည်းနည်းဆင်းတတ်ပါတယ်။ အဲ့အချိန်ကို ရာသီလာနေချိန်လို့ထင်ပြီးတော့ အတူနေလိုက်ရင် သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကလေးရသွားနိုင်ပါတယ်။

အဲ့ဒါကြောင့် သင့်အနေနဲ့ ကလေးမလိုချင်တာဆိုရင်တော့ တခြား သန္ဓေတားတာ၊ အကာအကွယ်သုံးတာတွေ လုပ်ရင်တော့ ပိုကောင်းတယ်ဆိုပါရစေ။ ပြီးတော့ ရာသီလာချိန် အတူနေရင် လိင်ကနေ ကူးစက်တဲ့ ရောဂါတွေ ပိုကူးနိုင်တာမို့ စိတ်ချရတဲ့ ဆက်ဆံမှုမဟုတ်ရင် အကာအကွယ်ကို ပိုတောင် သုံးသင့်တယ်လို့ ဆိုပါရစေ။

ရာသီလာနေတုန်း အတူနေရင် ဘယ်လိုကောင်းကျိုး ဆိုးကျိုးတွေ ရှိနိုင်သလဲကို နောက်ပိုင်းမှာဆက်ဆွေးနွေးပေးပါမယ်။

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊