ဗိုက်နာစေသော အကြောင်းရင်းများ
ဗိုက်နာစေသော အကြောင်းရင်းများစွာရှိပါသည်။ သာမန် အစာမကြေခြင်း၊ လေပွခြင်း၊ ဝမ်းဗိုက်ကြွက်သားနာကျင်ခြင်း မှသည် အစာအိမ်ပေါက်ခြင်း၊ အူအတက်ပေါက်ခြင်း၊ သည်းခြေကျောက်၊ ဆီးကျောက်စသည်ကြောင့်အောင့်ခြင်း၊ အူပိတ်ခြင်း၊ ဝမ်းဗိုက်အတွင်းပိုးဝင်ခြင်း စသည့် အကြောင်များစွာ ရှိပါသည်။ တစ်ခါတစ်ရံ နှလုံးသွေးကြောပိတ်ခြင်း၊ အဆုတ်ပွခြင်း၊ နေရာမှား သန္ဓေတည်ခြင်း စသည့် အကြောင်းများကြောင့်လည်းဖြစ်တတ်ပါသည်။ ထိခိုက်ဒဏ်ရာကြောင့်လည်းဖြစ်တတ်ပါသည်။ တချို့က ဗိုက်နာလာလျှင် အူအတက်ပေါက်ခြင်းကဲ့သို့သော ဆိုးရွားသည့် အခြေအနေများကို စိုးရိမ်ကြသည်။ ထိုအခြေအနေများဟုတ်မဟုတ်နှင့် ဗိုက်နာခြင်း၏ အကြောင်းရင်းကို ရှာဖွေရန် ဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုပါသည်။
အောက်ပါအချက်များရှိမရှိဖြေပေးပါ။ ရှိမရှိပေါ်မူတည်ပြီး အောက်ရှိ အနီစာသားပေါ်နှိပ်၍ ဆက်ဖတ်ပါ။
- ပြင်းထန်စွာ ဗိုက်နာ ဗိုက်အောင့်ဖြစ်ခြင်း
- ဝမ်းဗိုက်တစ်နေရာရာတွင် ထိသည်နှင့် အလွန်နာနေခြင်း
- ကိုယ်ခန္ဓာလှုပ်လိုက်သည်နှင့် ဗိုက်ကပါ နာနေ အောင့်နေခြင်း
- လတ်တလော ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားခြင်း
- ရင်ဘတ်တွင်ပါ အောင့်နေခြင်း၊ စွဲညှစ်ထားသလိုဖြစ်ခြင်း
- ဖျားခြင်း
- ဝမ်းချုပ်ခြင်း
- ဝမ်းတွင်းသွေးပါခြင်း
- အဆက်မပြတ် အန်နေခြင်း၊ ပျို့နေခြင်း
- ပိန်သွားခြင်း
- အသားဝါခြင်း
- ဗိုက်တွင် အလုံးအကျိတ်စမ်းမိခြင်း
- ဗိုက်ဖောင်းလာခြင်း
- တခြား နှလုံးသွေးတိုးကျောက်ကပ်ဆီးချိုစသည့် ရောဂါအခံများရှိခြင်း
- ရာသီမမှန်ခြင်း၊ လတ်တလော သားပျက်သားလျှောဖြစ်ထားခြင်း
- ဒီတစ်ခေါက် စအောင့်/နာသည်မှာ ၄၈ နာရီကျော်နေပြီဖြစ်ခြင်း
- အူအတက်ပေါက်ခြင်း၊ အူပေါက်ခြင်းဖြစ်နိုင်သည်ဟု သံသယဖြစ်စရာရှိခြင်း