Search
Search
Search

နို့တိုက်မိခင် အစားရှောင်ခြင်းနှင့် ကလေးသူငယ် ဘယ်ရီဘယ်ရီ (Infantile Beri Beri)

ကလေးသူငယ် ဘယ်ရီဘယ်ရီဆိုတာဘာလဲ

ဗီတာမင် B1 ချို့တဲ့ခြင်းကြောင့် ဖြစ်သော ကလေး သေဆုံးနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ နို့တိုက်အရွယ်ကလေးများတွင် အဖြစ်များပါသည်။ အမေတွင် ဗီတာမင် B1 ချို့တဲ့ခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မှားယွင်းသော အယူအဆဖြစ်သည့် နို့တိုက်မိခင်များကို အစားရှောင်စေခြင်းကြောင့် ပိုမိုဖြစ်တတ်ပါသည်။

ဗီတာမင် B1 သည် နှလုံး၊ ဉီးနှောက်နှင့် အာရုံကြောစနစ်များ ကောင်းစွာ အလုပ်လုပ်နိုင်ရန် အရေးကြီးသော ဗီတာမင်တစ်ခု ဖြစ်ပါသည်။

ကလေးများတွင် ဘယ်လိုလက္ခဏာတွေပြသလဲ

  • ကလေးက ပုံမှန်ထက် ပိုမို ဂနာမငြိမ်ဖြစ်လာခြင်း၊ အရမ်းငိုနေခြင်း၊ ဝမ်းချုပ်ခြင်း၊ အန်ခြင်း တို့အရင်ဖြစ်လာတတ်သည်။

ထိုမှတဆင့်

  • ကလေးနှလုံးထိခိုက်ပြီး ပြာနှမ်းလာခြင်း၊ မောလာခြင်း၊ အသက်ရှူမြန်လာခြင်း၊ ဆီထွက်နည်းလာခြင်း
  • ကလေးငိုရင်းနှင့် အသံမထွက်တော့ခြင်း
  • တက်ခြင်း

စသည်တို့ဖြစ်နိုင်ပါသည်။

သေဆုံးနိုင်ပါသလား

အချိန်မှီ ဆေးကုသမှု မခံယူနိုင်လျှင် ကလေးသေဆုံးနိုင်ပါသည်။ အထူးသဖြင့် နှလုံးထိခိုက်ပါက ၂ နာရီမှ ၄ နာရီအတွင်း ကလေးသေဆုံးနိုင်ပါသည်။ ထို့ကြောင့်အထက်ပါ လက္ခဏာများဖြစ်လာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။

ဘယ်လိုကာကွယ်ရမလဲ

  • အရေးအကြီးဆုံးမှာ နို့တိုက်မိခင်သည် အစားလုံးဝမရှောင်ရပါ။ အာဟာရပြည့်ဝအောင် အသား၊ နွားနို့်၊ ထမင်း၊ ဥ၊ ပဲအမျိုးမျိုး၊ အသီးအရွက်စုံလင်အောင် စားရပါမည်။
  • မြန်မာအယူအဆအချို့ဖြစ်သည့် နို့တိုက်မိခင် အသီးအရွက်စားလျှင် သို့ အသားစားလျှင် ကလေးဝမ်းပျက်တတ်သည် စသည်တို့မှာ မဟုတ်မှန်ပါ။ နို့တိုက်မိခင်သည် စုံလင်အောင် စားမှ အာဟာရပြည့်ဝမည်ဖြစ်သဖြင့် ကလေးလည်း အာဟာရအစုံရပါမည်။
  • လိုအပ်လျှင် ‌ဗီတာမင် B1 ပါသော အားဆေးသောက်ပါ။

Leave a Reply

Share:

Latest Posts:

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone

Acetylcysteine

ချောင်းဆိုး ချွဲကြပ်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ တချို့ ဆေးလွန်ခြင်း (Overdose) များအတွက် ဖြေဆေးအဖြစ်လည်း အသုံးပြုသည်။ ဆေးလွန်ခြင်း (Overdose) များသည် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအချက်များသည် ချောင်းဆိုး ချွဲကြပ်ခြင်းအတွက် အသုံးပြုရန်သာ လမ်းညွှန်ဖော်ပြထားပါသည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏

Cetrizine

အအေးမိနှာစေးခြင်း၊ ဓာတ်မတည့်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ

Ibuprofen

အကိုက်အခဲပျောက်ဆေးအဖြစ် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆေးကို လျှော့ပြီး သောက်သုံးရမည်ဖြစ်ရာ