အဲ့အချက်တွေ မရှိဘူး။ ရောဂါအခံလည်းမရှိဘူးဆိုရင်တော့ အောက်ပါအချက်တွေကို လုပ်ပြီး ကုသထားလို့ရပါတယ်။
- ဒူးကို ပြင်းပြင်းထန်ထန် အကွေးအဆန့်လုပ်တာမျိုး ခဏရှောင်ကြဉ်ပါ။ လုံးဝမလှုပ်ရှားခိုင်တာမဟုတ်ပါဘူး။ ဒူးကွေးပြီး အထိုင်အထလုပ်ရတာမျိုးမှာ သတိထားဖို့လိုပါတယ်။
- ဒူးစွပ်စွပ်ထားပါ။
- ဒူးကို ရေနွေးအိတ် သို့မဟုတ် ရေအေးကပ်တာ။ တစ်ယောက်နဲ့ တစ်ယောက် သက်သာတာချင်း မတူတတ်လို့ ကိုယ်ပိုသက်သာတယ်လို့ ခံစားရတဲ့ ရေနွေး သို့မဟုတ် ရေအေးကို ရွေးချယ်ပါ။
- အိပ်ရင် ဒူးကို မြင့်နေအောင် ဖက်ခေါင်းအုံးလိုမျိုးအောက်ကခံထားပြီး အိပ်ပါ။
- ဒူးနာတာအတွက် လေ့ကျင့်ခန်းဘယ်လိုလုပ်သင့်လဲဆိုတာကို အောက်ပါ link မှာ ကြည့်လို့ရပါတယ်။
https://www.youtube.com/watch?v=hNXr__WN6U4
- ဆရာဝန် ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေ ရှိပါတယ်။ ဉပမာ Paracetamol 500 mg တစ်နေ့လေးကြိမ်၊ Ibuprofen 400 mg တစ်နေ့သုံးကြိမ်ထိ သောက်လို့ရပါတယ်။ သင့်မှာ အစာအိမ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ သွေး စတဲ့ ရောဂါတွေနဲ့ ဆေးမတည့်တာ ရှိနေရင်တော့ ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့လိုပါမယ်။
- ဒီလိုလုပ်နေရင်းနဲ့ ပိုဆိုးလာရင် သို့ အပေါ်က အချက်တွေ ပေါ်လာရင် ဆရာဝန်ကို ချက်ချင်းပြပေးပါ။၊ ဒါမှမဟုတ် တစ်ပတ်လောက်အထိ မသက်သာလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။