အဲ့အချက်တွေ မရှိဘူး။ ရောဂါအခံလည်းမရှိဘူးဆိုရင်တော့ အောက်ပါအချက်တွေကို လုပ်ပြီး ကုသထားလို့ရပါတယ်။
- အစာပျော့ပျော့စားပါ။ အစာကို အများကြီး မစားဘဲ နည်းနည်းပဲစားပါ။
- အပူအစပ်ရှောင်ကြဉ်ပါ။
- ဆေးလိပ် အရက် ကွမ်း တွေ ရှောင်ကြဉ်ပါ။
- အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့။ သောက်လက်စဆိုလည်း ရပ်ထားပါ။
- တခြား အစာအိမ်ထိတတ်တယ်လို့ ဆရာဝန်ပြောထားတဲ့ ဆေးတွေ စွဲသောက်နေရတာရှိရင်တော့ ရပ်သင့်မသင့် ဆရာဝန်တစ်ဉီးဉီးနဲ့ တိုင်ပင်ပါ။
- Kremil –S, Gelmeg, Digene စသည့် အစာအိမ်ဆေးတစ်မျိုးမျိုး ကို တစ်နေ့သုံးကြိမ် ဝါးစားပါ။
- Pantoprazole (သို့) Omeprazole တစ်မျိုးမျိုး 40 mg ကို တစ်နေ့ တစ်ကြိမ်သောက်ပါ။
- တခြားရောဂါအခံတွေရှိတယ်၊ ဆေးမတည့်တာရှိတယ်ဆိုရင်တော့ မိမိသဘောနဲ့မိမိမသောက်ဘဲ ဆရာဝန်ပြပေးပါ။
- ဒီလိုလုပ်နေရင်းနဲ့ ပိုဆိုးလာရင် သို့ အပေါ်က အချက်တွေ ပေါ်လာရင် ဆရာဝန်ကို ချက်ချင်းပြပေးပါ။၊ ဒါမှမဟုတ် ၄၈ နာရီလောက်အထိ မသက်သာလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။