Search
Search
Search

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone စတဲဲ့ ဆေးတွေပါ။

တခါတလေမှာ ရောဂါအနေအထားအရ မဖြစ်မနေသုံးရသူတွေလည်း ရှိပါတယ်။ အဲ့လိုလူတွေမှာလည်း ဆီးချိုဖြစ်တတ်တာမျိုးရှိပါတယ်။
တချို့တွေကျတော့ ဆရာဝန်က အဲ့ဆေးမျိုးတွေ သောက်ခိုင်းတဲ့ အချိန်ကာလပြီးသွားပေမယ့်လည်း ဒီဆေးက ကောင်းတယ်လို့ မှတ်ထားပြီး ကိုယ့်ဘာသာ ဆက်သောက်နေမိတာမျိုးလည်း ရှိပါတယ်။ ပြီးတော့ အဲ့လိုဆေးတွေကို စပ်ဆေးဆိုင်တွေက ထည့်ပေးလေ့ရှိပါတယ်။ အဲ့ဆေးတွေရဲ့ ထူးခြားချက်က သောက်ပြီးသွားရင် မြန်မြန်သက်သာသွားတယ်။ နေလို့ ကောင်းသွားတယ်ဆိုတော့ လူနာတွေက ကြိုက်ကြတာပါ။ ဒါပေမယ့် ကြာကြာသောက်ရင် ဆီးချိုအပြင် သွေးတိုးတာ၊ အရေပြားတွေ ပါးတာ၊ အရေပြားအောက် သွေးထွက်လွယ်တာ၊ အရိုးပါးတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေ ကြောင့် ရေရှည်သောက်လို့ မကောင်းတာပါ။

အဲ့လိုဆေးတွေသောက်လို့ ဆီးချိုတွေတက်လာတာမျိုးဖြစ်ပြီဆို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာပြပြီး ဆေးကို ဖြည်းဖြည်းချင်းလျှော့ပြီး ဖြတ်ဖို့လိုပါတယ်။ ရုတ်တရက်ဖြတ်လိုက်ရင်လည်း သွေးပေါင်ကျတာ၊ ဆီးချိုအရမ်းကျသွားတာ၊ ရှော့ရတာတွေထိ ဖြစ်တတ်ပါသေးတယ်။

အဲ့ဒါကြောင့် ဆီးချိုဖြစ်နေတဲ့သူတွေအနေနဲ့က ကိုယ်သောက်မိတဲ့အထဲမှာ စပ်ဆေးတွေ၊ အပေါ်မှာပြောခဲ့တဲ့ ဆေးမျိုးတွေ၊ တချို့တိုင်းရင်းဆေးတွေ ရေရှည်စွဲသောက်မိတာတွေရှိရင် ဆရာဝန်ကို တိုင်ပင်ကြည့်ပြီး ဆေးကို စနစ်တကျ လျှော့ပြီး ဖြတ်သွားခြင်းဖြင့် ဆီးချိုသက်သာနိုင်ကြောင်း ပြောပြပေးပါရစေ ခင်ဗျာ။

(Dr Kyaw ရေးသားသည်။)

Leave a Reply

Share:

Latest Posts:

Protective Relationship

တစ်ယောက်ဆီက တဆင့် နောက်တစ်ယောက်ကို ရောဂါမကူးအောင် လင်မယားတွေ၊ သမီးရည်းစားတွေ၊ နောက်ဆုံးအဆင့် One Night Stand ကြတဲ့ အဖော်အချင်းချင်းပင် ဆိုစေကာမူ တစ်ယောက်ဆီက ရောဂါတွေ နောက်တစ်ယောက်ဆီ မရောက်ရလေအောင် သတိထားကာကွယ်ပေးကြဖို့လိုပါတယ်။ အထူးသဖြင့် အိမ်ထောင်သည်တွေ သမီးရည်းစားတွေအနေနဲ့ တစ်ယောက်က တခြားမှာ ရလာတဲ့ ရောဂါပိုးကို

Ischemic Heart Diseases – Clinical Features and Investigations

နှလုံးသွေးကြောကျဉ်းဖြစ်လာပြီဆိုရင် နှလုံးသွေးကြောကျဉ်း ရှိသူအချို့တွင် မည်သည့်လက္ခဏာမှ မပြသဘဲနှင့်လည်း ဖြစ်ပွါးတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာ မှာ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်ပြီး အများအားဖြင့် ရင်ဘက် အလယ် သို့မဟုတ် ရင်ဘတ်ဘယ်ဘက်ခြမ်း တွင်ဖြစ်ပွါးလေ့ရှိပါတယ်။ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါရှိသူများမှာတော့ တခါတရံ ရင်ဘတ်အောင့်ခြင်း မဖြစ်တာလည်း ရှိတတ်ပါတယ်။။ အဖြစ်များလေ့ရှိတဲ့

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊