Search
Search
Search

ဆီးချိုသမား နွားနို့ သောက်လို့ရသလား။

နွားနို့ကို သကြားမထည့်ဘဲ သောက်လိုရပါတယ်။ နွားနို့်စစ်ဖို့တော့လိုပါမယ်။ ရေရောထားတတ်တဲ့ နို့တွေက သကြားပါရောထားတတ်တာမို့ပါ။

နွားနို့မှာ ရိုးရိုးနွားနို့နဲ အဆီလျှော့ထားတဲ့ နွားနို့ဆိုပြီးရှိပါတယ်။ ရိုးရိုးနွားနို့ကတော့ အဆီဓာတ်ပါဝင်မှုပိုများလို့ အဆီလျှော့ထားတဲ့ နွားနို့ကို သောက်ရင်တော့ ပိုသင့်တော်ပါတယ်။

တစ်ခုသတိထားရမှာက နွားနို့က အချိုဓာတ်ကို လုံးဝမတက်စေတာတော့ မဟုတ်ပါဘူး။ နွားနို့မှာလည်း ကစီဓာတ်ပါသင့်သလောက်တော့ပါ ပါတယ်။ အဲ့ဒါကြောင့် နွားနို့ကို တစ်နေ့ 2-3 ခွက်လောက်ပဲ သောက်ဖို့ ဆိုထားပါတယ်။ ပုံမှာ ပြထားတဲ့ ခွက်အရွယ်ပါ။ 250 cc ဆန့်တဲ့ခွက်မျိုးပါ။

သင့်ဆီးချိုထိန်းနိုင်တဲ့ အနေအထား၊ နွားနို့ထည့်သောက်ရင် ဆီးချိုဓာတ်ဘယ်လောက်ဖြစ်တတ်လဲဆိုတဲ့ အခြေအနေစတာတွေပေါ်မူတည်ပြီး ညှိရတာမျိုးလည်းရှိတာမို့ သင်ပြနေတဲ့ ဆရာဝန်နဲ့လည်း အသေးစိတ်တိုင်ပင်ကြည့်သင့်ပါတယ်။ သင့်မှာ နို့သောက်ရင် ဝမ်းလျောတတ်တာမျိုး မရှိဖို့လည်း အရေးကြီးပါတယ်။

Leave a Reply

Share:

Latest Posts:

Ischemic heart diseases – risk factors

နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။ ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။ သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ

Anaphylaxis

ဆေးဓာတ်မတည့်ခြင်းအကြောင်း ဆေးခန်းပြတဲ့အခါ ဆရာဝန်က “ဆေးမတည့်တာ ရှိလား” ဆိုပြီးမေးတာကြုံဖူးကြမှာပါ။ အများအားဖြင့်တော့ ဓာတ်မတည့်တာ မရှိဖူးဘူးလို့ ပြန်ဖြေဖြစ်ကြမှာပါ။ တချို့ကျတော့လည်း Burplex မတည့်ဘူး၊ Penicillin မတည့်ဘူး စသဖြင့် ပြောကြပါတယ်။ ဆေးတခုနဲ့ ဓာတ်မတည့်ဘူးဆိုရင် ဘယ်လိုလက္ခဏာတွေ ပေါ်လာတတ်တာလဲ ဓာတ်မတည့်တာ ဖြစ်ပြီဆိုရင် အရေပြားတွေ ယားယံလာမယ်၊

Diabetes and Pregnancy

ဆီးချိုရှိသူအမျိုးသမီးတွေ အနေနဲ့ ဆီးချိုကို သေချာမထိန်းနိုင်ခင် ကိုယ်ဝန်ရသွားခဲ့ရင် ကိုယ်ဝန်ဆောင်ကာစမှာ ဆီးချိုကို ဆက်မထိန်းနိုင်တာမျိုးဖြစ်ဖို့များပါတယ်။ အဲ့လိုမျိုးဆို ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိတာ၊ ကလေးပျက်ကျတာ စတဲ့ ပြဿနာတွေ ဖြစ်ဖို့အလားအလာများပါတယ်။ အဲ့ဒါအပြင် သောက်လက်စ ဆီးချိုဆေးတွေထဲမှာ Metformin လောက်ကလွဲပြီး ကျန်တဲ့ ဆီးချိုသောက်ဆေးတွေက ကိုယ်ဝန်ဆောင်ကာလမှာ ဆက်မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone