Search
Search
Search

ခေါင်းကိုက်ခြင်း

ခေါင်းကိုက်စေသော အကြောင်းရင်းများ

ခေါင်းကိုက်စေသော အကြောင်းတရားများစွာရှိပါသည်။ စိတ်ဖိစီးမှုများခြင်းကြောင်းခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ရောဂါကြောင့် ခေါင်းကိုက်ခြင်းများကဲ့သို့  နာတာရှည် ခေါင်းကိုက်ဝေဒနာများရှိသလို ဉီးနှောက်နှင့် အာရုံကြောဆိုင်ရာ ပိုးဝင်ခြင်း၊ သွေးကြောပေါက်ခြင်း၊ အကျိတ်ဖြစ်ခြင်းကဲ့သို့သော ပြဿနာများ၊ နားနှာခေါင်းမျက်စိသွားဆိုင်ရာပြဿနာများနှင့် တခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ဖြစ်သော တချို့ ပြဿနာများကြောင့်လည်း ခေါင်းကိုက်ခြင်းဖြစ်တတ်ပါသည်။ သာမန်ထက် သိသာစွာ ဆိုးရွားသော ခေါင်းကိုက်ဝေဒနာ ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အောက်ပါအချက်များရှိမရှိဖြေပေးပါ။ ရှိမရှိအပေါ်မူတည်၍ အောက်ပါစာသားအနီပေါ်တွင် နှိပ်ပြီး ဆက်ဖတ်ပါ။

  • သတိမကောင်းခြင်း၊ သတိလစ်ခြင်း၊ စကားပြောမမှန်ခြင်း
  • မေ့လဲခြင်း
  • အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် ပိုတက်ခြင်း
  • နာတာရှည်ဖျားနေခြင်း၊ ချောင်းဆိုးနေခြင်း
  • ခြေလက်များမလှုပ်ရှားနိုင်ခြင်း၊ ထုံကျင်ခြင်း
  • လည်ပင်းဇက်တောင့်တင်းနေခြင်း
  • အမြင်ဝေဝါးခြင်း၊ မျက်လုံးကပါ အောင့်ခြင်း၊ မျက်စိနီရဲနေခြင်း
  • လမ်းမလျှောက်နိုင်ခြင်း၊ လမ်းလျှောက်လျှင်ယိုင်နေခြင်း
  • အန်ခြင်း
  • မနက်ပိုင်းတွင် ခေါင်းကိုက်ပိုဆိုးခြင်း
  • အကောင်းမှ ရုတ်တရက် ဆိုးဆိုးရွားရွားခေါင်းကိုက်လာခြင်း
  • နာတာရှည် ခေါင်းကိုက် တတ်သူများတွင် ယခုတစ်ခေါက်က ဖြစ်နေကျထက် ပိုဆိုးခြင်း
  • ခုခံအားကျဆင်းသော ရောဂါနှင့် ကင်ဆာဆေးကဲ့သို့သော ခုခံအားကျစေသည့် ဆေးများသောက်သုံးနေရခြင်း
  • မအိပ်နိုင်၊ မစားနိုင်၊ ပုံမှန်အလုပ်မလုပ်နိုင်အောင် ကိုက်ခြင်း၊ မခံနိုင်လောက်အောင် ပြင်းထန်ခြင်း
  • ဉီးနှောက်အာရုံကြောဆိုင်ရာရောဂါ၊ သွေးထွက်လွန် ရောဂါတစ်မျိုးမျိုးရှိခြင်း
  • သွေးပေါင် အလွန်အမင်းတက်နေခြင်း

တစ်ချက်မှ မရှိပါ။

တစ်ချက်နှင့် အထက်ရှိပါသည်။

Leave a Reply

Share:

Latest Posts:

ဆေးကြောင့်ဖြစ်တဲ့ ဆီးချို

တခါတလေမှာ ဆီးချိုရောဂါဟာ တချို့ဆေးတွေ ကြောင့် ဖြစ်တတ်ပါတယ်။ အများအားဖြင့် ရင်ကြပ်လို့၊ အဆစ်အမြစ်တွေကိုက်ခဲလို့၊ အစားမစားနိုင်လို့ စားချင်အောင်၊ လူနေရတာ လန်းဆန်းအောင် ဆိုပြီး စပ်ဆေးတွေထဲမှာ ပါနေတဲ့ စတီးရွိုက် (Steroids) ဆေးတွေကြောင့် အဖြစ်များပါတယ်။ အဲ့ဆေးနာမည်တွေကတော့ Prednisolone, Dexamethasone, Methyprednisolone, Hydrocortisone, Triamcinolone

Acetylcysteine

ချောင်းဆိုး ချွဲကြပ်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ တချို့ ဆေးလွန်ခြင်း (Overdose) များအတွက် ဖြေဆေးအဖြစ်လည်း အသုံးပြုသည်။ ဆေးလွန်ခြင်း (Overdose) များသည် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ သုံးစွဲရမည်ဖြစ်သဖြင့် အောက်ဖော်ပြပါအချက်များသည် ချောင်းဆိုး ချွဲကြပ်ခြင်းအတွက် အသုံးပြုရန်သာ လမ်းညွှန်ဖော်ပြထားပါသည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏

Cetrizine

အအေးမိနှာစေးခြင်း၊ ဓာတ်မတည့်ခြင်း များအတွက် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ

Ibuprofen

အကိုက်အခဲပျောက်ဆေးအဖြစ် သုံးသောဆေးဖြစ်သည်။ အောက်ဖော်ပြပါအချက်များသည် ယေဘူယျအားဖြင့် ဖော်ပြထားခြင်းသာြဖစ်သည်။ လူနာတစ်ဉီးချင်း၏ ရောဂါအခံနှင့် အခြေအနေပေါ်မူတည်၍ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်ပါသည်။ သောက်သုံးနိုင်သည့် ပမာဏ လူကြီးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကလေးများအတွက် သောက်သုံးနိုင်သည့် ပမာဏ ကျောက်ကပ်နှင့် အသည်း ရောဂါအခံရှိသူများအတွက် ဆေးကို လျှော့ပြီး သောက်သုံးရမည်ဖြစ်ရာ